လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲနော် ။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့ အနာဂတ် အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ပါတယ်။
မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်း လမ်းမထွက်ကာ လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်သလို ဖြိုခွင်းမှုတွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာ နားလည်မှုလေးတွေနဲ့ အတူ ဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ ခြိမ်းခြောက်ခံရမှုတွေ ရှိနေတာကြောင့် ခုဆို မိသားစုနဲ့ ခွဲခွာကာ တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ ဒီလို တိမ်းရှောင်နေရတဲ့ အချိန်တွေမှာတောင် သူ့ရဲ့ လူမှုကွန်ယက်ကနေပြီး သတင်းအချက်အလက်တွေနဲ့အတူ ပြည်သူတွေ ခွန်အားဖြစ်စေမယ့် စာလေးတွေကို ဝေမျှပေးနေဆဲပါ။
အခုလည်း သူ့ကို သတ်ဖို့လိုအပ်ရင် အချိန်မရွေးလာသတ်နိုင်ကြောင်းနဲ့ ပြည်သူတွေအားလုံး ချစ်တဲ့ တိုင်းပြည်ကြီးကိုတော့ နစ်နာအောင် မလုပ်ဖို့ ခုလို စာလေးရေးကာဝေမျှလာပါတယ်။ " ငါ့ကိုသတ်ဖို့လိုအပ်ရင် အချိန်မရွေးသာလာခဲ့သူငယ်ခြင်း ဒါပေမယ့်ငါတို့ချစ်တဲ့တိုင်းပြည်ကို နစ်နာရအောင်မင်းပြန်မသတ်ပါနဲ့တော့" ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း မင်းမော်ကွန်းလည်း ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။