သရုပ်ဆောင်ကောင်းပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အပြည့်အဝသိမ်းပိုက်ရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်တွေကလည်း အပါအဝင်ပါပဲ..။
ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အေးသီတာကတော့ လက်ရှိအခြေအနေတွေကြောင့် အနုပညာအလုပ်တွေနည်းပါးနေသလို စားဝတ်နေရေးအတွက် ဈေးရောင်းနေကာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ပြောပြလာပါတယ်..။
အေးသီတာကတော့ ငယ်စဉ်ကတည်းက သူမကို သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့တဲ့ အဒေါ်လင်မယားအတွက် လစဉ်ထောက်ပံ့ရင်းစိတ်မကောင်းစရာအကြောင်းတွေကို ပြောပြလာတာ ဖြစ်ပါတယ်..။
အားကိုးစရာမရှိတဲ့ အဒေါ်တို့အတွက် လစဉ်ထောက်ပံ့ရင်း ကိုဗစ်ကာလအထိ ထောက်ပံ့ဖို့အဆင်ပြေပေမယ့် အခုလတွေမှာ ဝင်ငွေမရှိတာကြောင့် တော်တော်အခက်အခဲဖြစ်နေရပြီး လကုန်မှာတောင်ကြောက်နေရတဲ့အကြောင်းတွေကို စိတ်မကောင်းစွာ ပြောပြထားတာပါ..။
"ကျွန်မမှာလတိုင်းထောက်ပံ့ပေးနေရတဲ့အဒေါ်လင်မယားရှိတယ် သားသမီးမရှိဘူး
ငယ်ငယ်ထဲက ကိုယ့်ကိုသမီးအရင်းလို စောင့်ရှောက်လာတယ် ခုကိုဗစ်ကာလထိ ထောက်ပံ့ဖို့ အဆင်ပြေတယ် ဒီဘက်လတွေကျတော့ ဘာဝင်ငွေမှမရှိတော့တော်တော်ခက်ခဲတယ် အမှန်အတိုင်းပြောရရင် လကုန်မှာ ကြောက်လာတယ်
ဒါပေမယ့် သူတို့မှာ အားကိုးရာမရှိ သူတို့ကံပါပဲ သူတို့အတွက် ပိုက်ဆံလေးရလာတော့ ချက်ချင်းလွှဲပေးလိုက်တော့ အေးပါ သမီးလေး အဆင်မပြေလည်း မပေးပါနဲ့တဲ့ဒေါ်ကြီးအဆင်ပြေသလိုရှိတာနဲ့ စားပါ့မယ်တဲ့
ဒေါ်ကြီးရယ်လို့ဆိုပြီး ကိုယ်ဘာမှဆက်မပြောနိုင်????.. " ဆိုပြီး ရေးသားပြောပြထားတာပါ..။
အခက်အခဲတွေရှိနေပေမယ့်လည်း ကျေးဇူးသိတတ်တဲ့ အေးသီတာရဲ့ သိတတ်မှုတွေကို ပရိသတ်တွေအားလုံးကလည်း ချီးကျူးရင်း အားပေးစကားတွေပြောထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Aye Thida's Fb Acc