အကယ်ဒမီ သရုပ်ဆောင်မင်းသားကြီး ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းတစ်ခုကိုတည်ထောင်ထားပြီး ပရဟိတအလုပ်တွေနဲ့ လိုအပ်နေတဲ့ ပြည်သူပရိသတ်တွေကို ဖေးမကူညီနေတာ ဖြစ်ပါတယ်..။
အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် အမြဲဖေးမကူညီပေးနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေတာ တွေ့ရပါတယ်..။
လှူဒါန်းမှုတွေဆက်တိုက်လုပ်ဆောင်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ အခုတစ်ခါမှာလည်း အနာပေါက်ပြီး ပိုးဝင်နေတဲ့ ကျူးရပ်ကွက်က အမွှာကလေးငယ်လေးအတွက် ဆေးကုသဖို့ အလှူငွေတွေ ကူညီလှူဒါန်းလိုက်ပြန်ပါတယ်..။
တောင်ဥက္ကလာ မြင်သာကျူးက အမိုးအကာမလုံခြုဘဲ ပြိုလဲပြီး ပြန်မဆောက်နိုင်တဲ့အိမ်တွေကို ကူညီဖို့သွားရင်း ကလေးငယ်လေးအတွက် အလှူငွေတွေအပြင် ဆေးခန်းကိုလည်း လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ကုသိုလ်လေးတွေကို ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။
"1-5-2021
ဒီနေ့ တောင်ဥက္ကလာ ၊မြင်သာကျူး က အိမ်လေးတွေ အမိုးအကာမလုံခြုံတာ ပြိုလဲပြီး
ပြန်မဆောက်နိုင်တာလေးတွေ ကူညီဖို့ သွားရင်း ကူညီရမယ့် ကျူးထဲက အမွှာကလေးတစ်ယောက် အနာပေါက်ပြီး ပိုးဝင်နေတာတွေ့ရပါတယ်။
ကလေး ဆေးကုသဖို့ အလှူငွေ ၂သောင်း ကျပ်လည်းလှူပေးရင်း မာသာထရီဇာ ကုသိုလ်ဖြစ်ဆေးခန်းကိုလည်း WLK 13 ဖြင့် အသွားအပြန် ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484
အရေးပေါ်သူနာတင်ယာဉ်
09455500018.." ဆိုပြီး လှူဒါန်းမှုတွေကို ပြောပြထားတာပါ..။
လိုအပ်သလို ကူညီလှူဒါန်းနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေကိုတော့ ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Wai Lu Kyaw Foundation's Fb Page