မြန်မာအမျိုးသမီးများဖွံ့ဖြိုးရေးအသင်းသို့လိုအပ်တဲ့ စားသောက်ကုန်များအား အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းခဲ့တဲ့ အေးသီတာ

//s9.kh1.co/83/830e266bb00b7bf8c64d192b7358f3b8110a7990.jpeg
အနုပညာရှင်များ

 ၀၁-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင်  ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူကတော့  ဇာတ်ပို့သရုပ်ဆောင် အေးသီတာ  ဖြစ်ပါတယ်။  သူမကတော့ အနုပညာလှုပ်ရှားမှုတွေသာမကဘဲ   အခြားစီးပွားရေးလုပ်ငန်းများကိုလည်း  လုပ်ကိုင်နေသူ  ဖြစ်ပါတယ်။ အေးသီတာကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ  ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ ဘက်ကနေ ရပ်တည်နေပြီး  တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 

ဒါ့အပြင်  သူမကိုယ်တိုင်ရောင်းချပေးနေတဲ့ ဆန်များကိုလည်း  ပြည်သူတွေကို ကူညီဖို့ ဆောင်ရွက်နေတဲ့ အလှူရှင်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေတာ ဖြစ်ပါတယ်။  အခက်အခဲတွေကြောင့် ကိုယ်တိုင်သွားရောက်မလှူဒါန်းနိုင်တဲ့ အလှူရှင်များအတွက်လည်း  ကိုယ်စားကူညီဆောင်ရွက်ပေးနေတာ  ဖြစ်ပါတယ်။  မနေ့ညကလည်းအေးသီတာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  မြန်မာအမျိုးသမီးများဖွံ့ဖြိုးရေးအသင်းသို့လိုအပ်တဲ့စားသောက်ကုန်များအား အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို တင်ပေးထားတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/5a/5ac18d88c58d4a0579f6f558b04bb6be5c2edfa0.jpeg
https://s9.kh1.co/__image/w=585,h=780,q=100/ed/edaeb6bf81f75412a84af7cbb46f08ad410a969a.jpeg

သူမကလည်း " ဒီနေ့အလှူရှင်ကိုကျော်ဝင်းထွန်း ၊ မဖူးပွင့်ခိုင်တို့က

လိုအပ်တဲ့ နေရာမှာလှူဒါန်းပေးပါဆိုတဲ့အတွက်   ရုပ်ရှင်အစည်းအရုံးရှေ့မှာရှိတဲ့  တစ်နေ့ကို တန်တစ်အိတ်နီးပါးကုန်သော ဝင်္ကဘာမြန်မာအမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဂေဟာသို့

ဆန်၃အိတ် ဆီ၅ပိသာပုံးတပုံးကြက်ဥ၅ကတ်

သက္ကနိမ္မိတာရုံဆရာလေးများကျောင်းကိုဆန်၃အိတ်ဆီ၅ပိဿာတစ်ပုံးကြက်ဥ၅ကတ်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်အလှူရှင်များမတောင့်မတမကြောင့်မကြပြည့်စုံနိုင်ကြပါစေ???? " ဆိုပြီး ဆုတောင်းပေးထားတာဖြစ်ပါတယ်။ လှူဒါန်းပေးကြတဲ့ အလှူရှင်များလည်း ဒီ့ထက်မက လှူနိုင်တန်းနိုင်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Aye Thida’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T