ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အပြင် ပရဟိတအလုပ်တွေကိုလည်း အင်တိုက်အားတိုက်လုပ်ဆောင်နေသူကတော့ သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်..။
ပရဟိတမင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေအသိအမှတ်ပြု လက်ခံအားပေးနေတဲ့ ခိုင်နှင်းဝေကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လှူဒါန်းမှုတွေကိုလည်းပြုလုပ်နေသူပါ..။
လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေတဲ့ ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း ကျောင်းပြောင်းရွှေ့ဖို့အတွက် အခက်အခဲဖြစ်နေကြတဲ့ သီလရှင်ဆရာလေးတွေအတွက်လည်း အလှူငွေတွေကပ်လှူကူညီကာ ကုသိုလ်ယူခဲ့ပြန်ပါတယ်..။
မော်လမြိုင်ဖားအောက်တောရကျောင်းမှ ဆရာလေး(၆)ပါးဟာ မကွေးဖားအောက်တောရကျောင်းကို ပြောင်းရွှေ့ကားစင်းလုံးဌားဖို့အတွက် အခက်အခဲဖြစ်နေပြီး အကူအညီလာရောက်တောင်းခံတာကြောင့် ကားဌားခနဲ့ ဝတ္တုငွေတွေ ကပ်လှူခဲ့တာ ဖြစ်ပါတယ်..။
"မော်လမြိုင် ဖားအောက်တောရကျောင်း မှ ဆရာလေး (၆)ပါး မှာ ရန်ကုန်သို့ ရောက်ရှိနေပြီး မကွေး ဖားအောက်တောရ ကျောင်းသို့ ပြောင်းရွှေ့ရန် ကားစင်းလုံး ဌားဖို့ အခက်အခဲကို လာရောက် အကူညီတောင်းခံပါသောကြောင့် လိုအပ်နေသော ကားဌားခ နှင့် ဆရာလေး တစ်ပါးစီ အတွက် ဝတ္တုငွေ နှင့် မုန့်များကပ်လှုခဲ့ပါတယ်ရှင်.ကျွန်မနှင့် အတူ ကုသိုလ်ပြုဖက် နိဗ္ဗာန်ရေစက် ဆုံနိုင်မည့် အလှုရှင်များ နှင့် ခုနှစ်ရက်သားသမီးများ အားလုံး သာဓုခေါ်ဆို နိုင်ကြပါစေရှင်..???.." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာပါ..။
အကူအညီလိုအပ်နေသူတိုင်းအတွက် အမြဲအသင့်ရှိနေတဲ့ ပရဟိတမင်းသမီးချောခိုင်နှင်းဝေရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သာဓုခေါ်ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ Fb Page