ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားကာ အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိထားတဲ့ မင်းသားကြီးဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်..။
ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားပြီး လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေ အမြဲပြုလုပ်နေသလို လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။
ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကိုလုပ်ဆောင်နေသလို အိမ်ဆောက်လှူပေးထားတဲ့ တောင်ဒဂုံမြို့နယ်သံလမ်းကျူးက အိမ်နေရာလေးကို သွားရောက်ရင်း ကလေးတွေအတွက်ဖရဲသီးလှူခဲ့တာလည်း တွေ့ရပါတယ်..။
ဖရဲတောင်သူတွေကိုအားပေးပြီး ကျူးက ကလေးတွေအတွက် ဖရဲသီးလှူကာ ဆောက်လုပ်နေတဲ့အိမ်လေးရဲ့အခြေအနေတွေကိုလည်း ပြောပြရင်း အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကားတွေ ပြောထားတာ တွေ့ရပါတယ်..။
"28-4-2021
တနေ့က ဖောင်ဒေးရှင်းမှ အိမ်ဆောက်လှူပေးနေတဲ့ တောင်ဒဂုံ သံလမ်းကျူးက မဝါဝါလေးရဲ့ အိမ်နေရာလေး ရောက်ဖြစ်ခဲ့ပါတယ်။
ဖရဲတောင်သူတွေကို အားပေးဖို့ ဖရဲသီးတွေ ကျူးက ကလေးတွေနဲ့အတူ စားရင်းပေါ့။
အိမ်လေးကအခင်းလေးပြီးပါပြီ။
အမိုးလေး မိုးပါတော့မယ်။
သစ်တောပေါတဲ့ မြန်မာပြည်မှာ သစ်အိမ်ဆောက်ရပေမယ့် အိမ်သေးသေးလေးကိုပဲ တော်တော်ကုန်ကျပါတယ်။
အခုလို အိမ်ကောင်းကောင်းလေး ဆောက်လှူဖြစ်သွားအောင် မ တည်လှူပေးကြတဲ့ စင်ကာပူက အလှူရှင်များနဲ့ ဝိုင်းဝန်းလှူပေးကြတဲ့ အလှူရှင်များ အားလုံးကို ကျေးဇူးတင်ရပါတယ်။
နောင်လည်းဒုက္ခမျိုးစုံနဲ့ အိမ်ဆောက်ဖို့ လိုသူများ တွေ့လာရင်လည်း ဝိုင်းဝန်း ကူပေးကြပါဦးနော်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484.." ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။
သတင်း အရင်းအမြစ်៖ Wai Lu Kyaw Foundation's Fb Page