ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဇာတ်ကားတွေများစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိထားသူကတော့ သရုပ်ဆောင်မင်းသားချော ဘုန်းဆက်သွင်ပဲ ဖြစ်ပါတယ်..။
ဘုန်းဆက်သွင်ကတော့ လတ်တလောအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် ကျဆုံးသွားကြတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း ဖေးမကူညီမှုတွေ ပြုလုပ်ပေးတာလည်း ဖြစ်ပါတယ်..။
ပြည်သူတစ်ယောက်အနေနဲ့ ကျရာနေရာကနေ တတ်နိုင်သလောက် အင်တိုက်အားတိုက်အားဖြည့်ပါဝင်နေတဲ့ ဘုန်းဆက်သွင်ကတော့ လက်ရှိမှာ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတာလည်း ဖြစ်ပါတယ်..။
ဘုန်းဆက်သွင်ကတော့ ဘူးတစ်လုံးဆောင်အရေးတော်ပုံသပိတ်မှာ ပါဝင်နေပြီး ပြည်သူတွေအားလုံးကိုလည်း စည်းစည်းလုံးလုံးနဲ့ ပါဝင်ကြဖို့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးဝေမျှကာ တိုက်တွန်းပြောပြလာပါတယ်..။
"ဘူး_တစ်လုံးဆောင်ပြီး_အရေးတော်ပုံအောင်ရမည်
ဘူးသပိတ် CDM
နိုင်ငံ့ဝန်ထမ်းတွေက ရုံးမတက်ဘူး။
ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက် စစ်ကောင်စီကို ဘယ်အခွန်အခမှ မပေးဆောင်ဘူး။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုအားလုံးကို လုံးဝ မဝယ်ယူဘူး၊ မသုံးစွဲဘူး။
ပြည်သူ့ပိုက်ဆံ တစ်ပြားတစ်ချပ်မျှ အကြမ်းဖက်စစ်အုပ်စုဆီ မရောက်စေရဘူး။
အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားတဲ့ အမိန့်အာဏာ၊ ညွန်ကြားချက် မှန်သမျှကို မနာခံဘူး၊ မလိုက်နာဘူး။
ကျွန်တော်တို့ ဧည့်စာရင်း လုံးဝ မတိုင်ဘူး။
အကြမ်းဖက် စစ်ကောင်စီအနေနဲ့ ကျွန်တော်တို့လူထုကို လုံးဝအုပ်ချုပ်လို့ မရစေရဘူး။
လူထုအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ် မပြုဘူး၊ လက်မခံဘူး။
Civil Disobedience Movement (CDM) လို့ပြောရင် အချို့က နိုင်ငံဝန်ထမ်းတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်တတ်ကြတယ်။ တကယ်ကတော့ အကြမ်းဖက် အဓမ္မဝါဒီ စစ်အာဏာရှင်ရဲ့ အမိန့်၊ ညွန်ကြားချက်တွေကို ဆန့်ကျင်ဖီဆန်တဲ့ လုပ်ရပ်၊ လှုပ်ရှားမှုတိုင်းဟာ CDM ပါပဲ။ ဒါ့ကြောင့် CDM ဆိုတာ ပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်ပါတယ်။
မြန်မာဆန်ဆန် ပြောရရင် CDM ဆိုတာ ဘူးသပိတ်ပါပဲ။ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၂၄ ခုနှစ်နောက်ပိုင်းဆီမှာလည်း ကိုလိုနီအစိုးရကို အသိအမှတ်မပြု၊ အပတ်အသက်မပြုဘူး၊ အခွန်မဆောင်ဘူးဆိုတဲ့ အထွေထွေအာဏာဖီဆန်တဲ့ ဘူးအသင်းတွေဟာ ဦးချစ်လှိုင် (လှိုင်ပုကျော်) ဂျီစီဘီအေရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တာ သမိုင်း မှတ်တမ်းရှိခဲ့ပါတယ်။
ဘူးတစ်လုံးဆောင်ပြီး ပြည်တင်းရင် စစ်အာဏာရှင် ခံနိုင်ရိုးလား။
ဘူးသပိတ်လှုပ်ရှားမှု
CivilDisobedienceMovement
ကြောက်ခေတ်ကို_မှောက်ပစ်ကြ
ကမ္ဘာမကြေဘူး
မလျော့ဘူး
သွေးမအေးဘူး
နောက်မဆုတ်ဘူး
တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်
စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်
အရေးတော်ပုံ_အောင်ရမည်.." ဆိုပြီး ဘုန်းဆက်သွင်က ဝေမျှပြောပြထားတာပါ..။
သတင်း အရင်းအမြစ်៖ PhoneSett Thwin's Fb Acc