အဆိုတော် ဆိုဖီယာကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုရင်း ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေသာဓုခေါ်ဆိုနိုင်အောင် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဆိုဖီယာရဲ့Facebook Page တွင် သူမအကြောင်း ပြန့်နှံ့နေတာနဲ့ပ တ်သက်ပြီး ပရိသတ်တွေမေးလာတဲ့အတွက်ပြန်လည် ရှင်းပြလာတာပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိအချိန်တွင် မည့်သည့်အကြောင်းရာကိုမှဖြေရှင်းမည်မဟုတ်ဘဲ အလှူကိစ္စများသာ ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်းကိုလည်း အခုလို ရေးသားထားတာပဲ ဖြစ်ပါတယ်။
" ဘာ ဖြစ်တာလည်း မမ ဆိုပြီး မေးသော ညီမ လေး
မောင်လေးတို့ ရေ
Sophie page မှာ အခုအချိန် ကာလနဲ့ မသက်ဆိုင်တဲ့ မည်သည့်ကိစ္စမျှ တင်မရှင်းပါ
ယခု page တွင် အလှူနှင့် သက်ဆိုင်သော အရေးတော် ပုံနှင့် သက်ဆိုင်သည်များကိုသာ တင်ခဲ့ပါသည် ရှေ့ဆက်လည်း ထို အရာများ သာတင်သွားပါမည်
အနုပညာ ရှင်များ အားလုံးသည် အခုချိန် တွင် အနုပညာရှင်ဆို သည့် ခေါင်းစဉ်မရှိတော့ပါ
သာမာန် လူတွေ ပါ ဒါပေမယ့် အားလုံး တတ်နိုင်တဲ့ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ percentage တွေ ဟာမတူကြပါဘူး
ကျွန်မ ၈၀% ပဲ လုပ်နိုင်လိမ့်မယ် သူ ၉၀%လုပ်နိုင်လိမ့်မယ်
နောက်တစ်ယောက်ကတော့ ၄၀% ပဲလုပ်ရင် လုပ်နိုင်လိမ့်မယ် သို့သော် သွားနေတဲ့ လမ်းကြောင်းသည် တစ်လမ်းတည်းသာ ဖြစ်သည်
ထိုအပေါ်တွင် targetပျောက်ပီး တစ်ဦး အပေါ်တစ်ဦး ဝေဖန် နေသော သွေးခွဲနေသော တန်ဖိုး မရှိသော အရာများ လူများ အပေါ်အချိန် ကုန် မခံပါ နှင့်
ဆိုဖီယာလည်း အချိန် ကုန် မခံပါ လှူစရာရှိတာ လှူ ပေးစရာရှိတာပေးပါ အချိန် မရှိပါ
သေသွားတဲ့ သူတွေ ကို တကယ် အားနာပါလျှင် ကိုလုပ်စရာရှိတာ ကိုလုပ်ချင်းဖြင့် ကူညီပါ
ပိုလျှင်လှူ လိုရင် ယူပါ
ထပ်ပြောပါမည် ကျွန်မ သည် ၁၀၀% မဖြစ်နိုင်ပါ ၈၀%သာ ဖြစ်နိုင်ပါမည်။ မဖြစ်နိုင်တဲ့ ၂၀% အပေါ်တွင်
ဝေဖန်လေကန်နေသော ၄၀% လောက်တောင် လှုပ်ရှားမနေသည့် သူများ ၏စကားလုံး များအောက်တွင် ကျွန်မပိမနေပါ မတုန်လှုပ်ပါ
ခုဆက်လပ်၍ လိုအပ်နေသည်များကို လည်း cb တွင်လာပြောပေးပါရန် မေတ္တာရပ်ခံပါသည်??"
ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Sophie Everest’s Facebook Page