နေ့စဉ်ရက်ဆက် ထမင်းတောင်မစားနိုင်ဘဲ သားကိုစိတ်ပူနေတဲ့ ဖခင်ဖြစ်သူကြောင့် စိတ်မကောင်းဖြစ်နေတဲ့ တိုင်ရွန်

//s9.kh1.co/71/71c923d4ba6f1ceeb399d0f27494d82528a7486d.jpeg
အနုပညာရှင်များ

 ၁၀-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  တိုင်ရွန်ကတော့  ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့ အနုပညာလောကမှာ အောင်မြင်နေသူ တစ်ဦးဖြစ်ပါတယ်။  ပရိသတ်တွေပေါ်ကိုလည်း   တလေးတစားဆက်ဆံတတ်ပြီး လူတိုင်းအပေါ်မှာကူညီချင်စိတ်ရှိသူဖြစ်တာကြောင့်  အားလုံးက လေးစားနေကြတာပါ။  တိုင်ရွန်ကတော့  အားလပ်ရက်များတွင်လည်း သူငယ်ချင်းတွေနဲ့အတူ ပရဟိတအလုပ်တွေ ကူညီဆောင်ရွက်ပေးသူ တစ်ယောက်ပါပဲနော်။

Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 

လတ်တလော အခြေအနေအရပ်ရပ်ကြောင့်  တ်ိမ်းရှောင်နေရပေမယ့်လည်း  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် Speak Out လုပ်ပေးနေသူလည်း  ဖြစ်ပါတယ်။  ဒါ့အပြင် မနေ့က ဖြစ်ပွားခဲ့တဲ့ ပဲခူးမြို့က ဖြစ်စဉ်တွင် သူ့ဘက်မှ ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့အတွက်  ဝမ်းနည်းကြောင်းကိုလည်း  ရေးသားထားတာကို မြင်တွေ့ကြရမှာပါ။  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  တိုင်ရွန်ရဲ့ Facebook Story တွင် နေ့စဉ်ရက်ဆက် ထမင်းတောင်မစားနိုင်ဘဲ သားကိုစိတ်ပူနေတဲ့ ဖခင်ဖြစ်သူကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 

" ထမင်းလည်း မစား တစ်နေ့ တစ်နေ့ Facebook ပေါ်က သတင်းတွေ ဖတ်ပြီး သားဖြစ်သူကို စိတ်ပူနေတယ်တဲ့။ ပါးပါးရေ သားလည်း သတိရပါတယ် စိတ်မပူပါနဲ့ ဒီအခြေအနေကြီး အမှန်တရားအတိုင်း အေးချမ်းသွားရင် အရင်လိုအေးအေးဆေးဆေး ပြန်နေနိုင်မှာပါ သားလည်း သတိရနေပါတယ် ကျန်းမာရေး ဂရုစိုက်ပါ ?? “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ခွဲခွာနေရတဲ့ မိသားစုတွေလည်း အမြန်ဆုံး ပြန်လည်ပေါင်းစည်းနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

Source and Photo Crd-Tyron Bejay’s Facebook Account 

Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 
Photo Crd-Tyron Bejay’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T