ချို့တဲ့ပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ဆန်နဲ့ဆီတွေပေးဝေပြီး လှူဒါန်းမှုမှာပါဝင်ခဲ့တဲ့ စူးရှထက်

//s9.kh1.co/6c/6c7c858944c78842feb6f5cdab8103efea35ebe3.jpg
အနုပညာရှင်များ

 ၂၇-မတ်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်ကတော့ ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားကာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်..။

လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူရပ်တည်နေကာ လှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်နေသလို လှူဒါန်းမှုတွေကိုလည်း ပြုလုပ်နေတဲ့ စူးရှထက်ကတော့ ဒီကနေ့မှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

စူးရှထက်ကတော့ ချစ်ခင်ရတဲ့အစ်မဖြစ်သူနဲ့အတူ ချို့တဲ့ပြီးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် ဆန်နဲ့ဆီတွေ ပေးဝေလှူဒါန်းပြီး အလှူမှာကိုယ်တိုင်ကိုယ်ကျ တတ်နိုင်သလောက် ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတဲ့ စူးရှထက်ကတော့ နေ့တိုင်းလိုလိုပြုလုပ်နေတဲ့ သူမရဲ့အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ကိုလည်း အမြဲမျှဝေတတ်သူလည်း ဖြစ်ပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

"စူးအမ အလှူလေး ဒီထက်မကလှူနိုင်ပါစေနော်

မိန်းရေ???? ပုံကခွင့်တောင်းပြီ တင်တာပါ?.." ဆိုပြီး အလှူလေးမှာ ကုသိုလ်ပါဝင်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကိုလည်း ဝေမျှထားတာပါ..။

နေ့တိုင်းလိုလိုတတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်ပြီး ပြည်သူတွေနဲ့ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ စူးရှထက်ကိုတော့ ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

သတင်း အရင်းအမြစ်Zar Chi's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T