သရုပ်ဆောင် ဝေဠုကျော်ကတော့ ပရဟိတသူရဲကောင်းအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခက်အခဲမှန်သမျှကိုလည်း လိုအပ်တဲ့အချိန်တိုင်း ကူညီဖြေရှင်းပေးနေသူလည်း ဖြစ်ပါတယ်။ လတ်တလော အခြေအနေတွေကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်နေသော ပြည်သူတွေအတွက်လည်း လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို ဆောင်ရွက်ပေးနေတာပါ။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဝေဠုကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အိမ်ထောင်စု(၁၀)စုစာအတွက် လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းပေးဖို့အတွက် ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ သူကလည်း " 24-3-2021
မနက်ဖြန် အိမ်ထောင်စု ၁၀၀ ကို စလှူပေးဖို့အတွက်
ဆန်အပြင် အခြားပစ္စည်းတွေ
ထုပ်ပိုးပြင်ဆင်တယ့်အထဲ အဝတ်အထည်လေးတွေပါ ထည့်လှူပေးဖို့ ပြင်ဆင်ထုပ်ပိုးပါတယ်။
Covid ကာလ ရှည်ကြာရတယ့်အထဲ အခုလို မတည်ငြိမ်တဲ့ ကာလကပါ ဆက်လာတော့ အစားအသောက်၊အနေအထိုင်ပါမက အဝတ်အထည်၊အသုံးအဆောင်တွေပါ လိုအပ်နေ
ကြတာပါ။
ဒါကြောင့် ပိုနေတယ့်သူတွေက လိုနေတယ့် လူတွေကို မျှဝေပေးဖို့ အဝတ်အထည် ၊အသုံးအဆောင်ပစ္စည်းများ
အိမ်သုံးပစ္စည်းများကိုလည်း အလှူခံပါတယ်။
#ဝေဠုကျော်ဖောင်ဒေးရှင်း " ဆိုပြီး ရေးသားဝေမျှထားတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မီးဘေးသင့်ခံခဲ့ရတဲ့ ပြည်သူတွေအတွက်လည်း ကောက်ခံရရှိထားတဲ့ အလှူငွေများနဲ့ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ ပြည်သူတွေအချင်းချင်း စည်းလုံးညီညွှတ်စွာနဲ့ အခုလိုလှူဒါန်းတာတွေကို သာဓုခေါ်ဆိုနိုင်စေရန် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page