သူမဆီကို ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပိုးမမှီသာ

//s9.kh1.co/f1/f16ac2cbe05e012796c34a37ef15a1d09ab7050d.jpeg
အနုပညာရှင်များ

 ၂၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုးမမှီသာကတော့  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  တက်ကြွစွာ  ပူးပေါင်းပါဝင်နေသူတစ်ဦးပဲ  ဖြစ်ပါတယ်။  ပြည်သူတွေနဲ့အတူ  အမှန်တရားဘက်ကနေ  မားမားမတ်မတ်ရပ်တည်နေသူဖြစ်တာကြောင့်  ပရိသတ်တွေက  လေးစားနေကြတာလည်း  ဖြစ်ပါတယ်။  သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း  အရေးကြီးတဲ့  သတင်းအချက်အလက်တွေကို  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 

မနေ့ညကလည်း ပိုးမမှီသာရဲ့ Facebook အကောင့် တွင်  သူမဆီကို ဖုန်းနံပါတ်တစ်ခုကမှားဝင်လာပြီး မြိတ်မြို့နားကသတင်းတွေကို ပြောပြခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေရတဲ့အကြောင်းကို  ရေးသားထားတာပဲ  ဖြစ်ပါတယ်။  "  မနက်က မသိတဲ့ဖုန်းနံပါတ်တစ်ခုဝင်လာတယ် ပုံမှန်ဆိုရင်တော့အကြောင်းအမျိုးမျိုးကြောင့်မသိတဲ့နံပါတ်ဆိုသိပ်မကိုင်ဖြစ်ပေမယ့်ဒီနေ့တော့ကိုင်လိုက်မိကြောင်း

သူမကိုင်မိလိုက်တဲ့အခါမှာ " ပဲခူးကကျွန်တော့သူငယ်ချင်းဖုန်းလားလို့ဆက်ကြည့်တာပါခင်ဗျာ ဖုန်းနံပါတ်သေချာမမှတ်ထားမိလို့မှတ်မိသလောက်နှိပ်ပြီးဆက်ကြည့်တာပါတဲ့ ဘယ်ရောက်သွားလဲ” ဆိုပြီး တစ်ဖက်မှပြောလာတာကို

ပိုးမမှီသာအနေနဲ့ ဘယ်ရောက်လဲမပြောလိုတာကြောင့် “ဖုန်းမှားနေတယ်”လို့ဆိုပြီးချဖို့လုပ်ခဲ့ပါတယ် 

ဒါပေမယ့်လည်းသူ့ရဲ့ယဉ်ယဉ်ကျေးကျေးနဲ့အကူအညီမဲ့နေတဲ့လေသံကြောင့်ချက်ချင်းမချလိုက်ပဲဆက်နားထောင်မိလျက်သားဖြစ်သွားရာက သူဆက်ပြောလာတာတော့ 

“တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်တို့နယ်မှာအင်တာနက်လည်းမရှိတော့အကုန်လုံးဘာမှမသိဖြစ်နေတာနဲ့ ဆက်မိတာပါတဲ့” 

စိတ်ထဲတော်တော်လေးမကောင်းဖြစ်တာနဲ့ “ဘယ်နယ်ကလဲ” လို့ဆက်မေးမိတယ် 

Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 

“ မြိတ်” နားကပါတဲ့ “ဒီမှာတော်တော်လိုက်ဖမ်းနေတာဗျာ ယောက်ျားလေးတွေချည်းလိုက်ဖမ်းတာ ကျွန်တော်တို့လည်းတော်တော်ပြေးနေရတယ်” တဲ့ “အရင်ကလိုင်းလေးရတော့ အကုန်သိရသေးတယ် အခုကဘာတွေဖြစ်နေလဲမသိလို့ပါခင်ဗျာ” တဲ့

သူမကလည်း “ရန်ကုန်ကပါဆိုတဲ့အကြောင်း လိုင်းရတဲ့သူတွေလည်းအားလုံးအတူတူတင်ပေးပြီးပြန်ရဖို့ပြောနေကြကြောင်း အားမငယ်ဖို့အကျိုးအကြောင်းနည်းနည်းလေးတော့ပြောပြဖြစ်လိုက်ပါတယ်”

(ဖုန်းလိုင်းတွေစိတ်မချတာကြောင့် မပြောသင့်တဲ့အန္တရာယ်ရှိနိုင်တဲ့ info သတင်း စကားလုံးတွေတော့သတိထားပြီးပြောပါတယ်)

“လူတွေသေနေတုန်းပဲလားဗျာ” ဆိုတဲ့ မေးခွန်းကိုလည်း ရင်နာနာနဲ့ပဲ “ဟုတ်ကဲ့” လို့ ပြန်ဖြေခဲ့ကြောင်းကိုလည်းရေးသားထားပါသေးတယ်။

သူပြောတဲ့လိုက်ဖမ်းတယ် မဖမ်းတယ်ဆိုတဲ့ fact မှန် မမှန်ထက် ( တကယ်လိုက်ဖမ်းနေတယ်ဆိုလည်း အတော်ကိုစိတ်ပူစရာပါ) အင်တာနက်လိုင်းမရ လို့ သတင်းအချက်အလက်တွေဘယ်လောက်ပြတ်တောက်နေပြီလဲဆိုတာပါဘယ်နယ်တွေဝေးလံတဲ့နေရာတွေမှာဘယ်လိုအခြေအနေတွေဖြစ်နေမလဲစိတ်ပူသွားတာ ဒီမှာဖြစ်နေတာတွေCRPH နဲ့သက်ဆိုင်ရာတွေရဲ့သိသင့်တဲ့သတင်းတွေ အားတက်စရာလေးတွေ အားလုံးအတူတူ ခုခံနေတယ်ဆိုတာတွေ CDM တွေအားကောင်းနေဆဲဖြစ်ပြီးအားမလျော့လိုက်ဖို့တွေ သူတို့မသိလိုက်ရမှာ အတော်လေးစိုးရိမ်သွားကြောင်းနဲ့ Mobile Data တွေအမြန်ဆုံးပြန်ရဖို့ အားလုံးတူတူကြိုးစားပေးရဦးမယ် ပြန်ဖွင့်ပေးဖို့မမေ့မလျော့ဆက်တိုက်ဖိအားပေးရမယ်

Telecom operator တွေကိုလည်းပြည်သူတွေကိုကြည့်ပြီးပြည်သူတွေနဲ့အတူကူညီရပ်တည်ပေးဖို့ဒီနေရာကနေပဲတောင်းဆိုလိုက်ပါကြောင်းနဲ့

Mobile Data ပြန်ဖွင့်ပေးပါ " ဆိုပြီး သူမကြားသိခဲ့ရတာတွေကို  ရေးသားပြောပြလာတာဖြစ်လို့  ပရိသတ်တွေအတွက်  ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Poe Mamhe Thar’s Facebook Account 

Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Photo Crd-Poe Mamhe Thar’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T