တိမ်ညိုစစ်ဘေးရှောင်စခန်းက မီးဘေးသင့်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့အကူအညီများ ထောက်ပံ့လှူဒါန်းပေးဖို့ ပြင်ဆင်နေတဲ့ ဝေဠုကျော်

//s9.kh1.co/79/79adbee4a58720aebdf3e87282335346569ed9fb.jpeg
အနုပညာရှင်များ

 ၂၀-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ဝေဠုကျော်ကတော့  အနုပညာလှုပ်ရှားမှုတွေ  သိပ်မတွေ့ရတော့ဘဲ  ပြည်သူတွေအတွက်  ပရဟိတလုပ်ငန်းတွေကိုသာ  ကြိုးစားဆောင်ရွက်ပေးနေတာလည်း  ဖြစ်ပါတယ်။  ကိုယ်ပိုင်ဖောင်ဒေးရှင်းအသင်းကို  တည်ထောင်ပြီး အကူအညီလိုတိုင်း  အဆင်ပြေအောင်  ဆောင်ရွက်ပေးနေသူဖြစ်တာကြောင့်  ပရိသတ်တွေကပါ  ချီးကျူးနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

လူထုလှုပ်ရှားမှုမှာပါဝင်ရင်း ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေအတွက်လည်း  သူ့ရဲ့ အဖွဲ့ဝင်များနှင့်အတူ ရှေးဦးသူနာပြုကုသမှုဖြင့်  medical cover လုပ်ဆောင်ပေးနေတာလည်း  ဖြစ်ပါတယ်။ အခုမှာလည်း  ရခိုင်ပြည်နယ်မှာရှိတဲ့မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မီးဘေးသင့်ခံခဲ့ရတဲ့  ပြည်သူတွေအတွက်  လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းကို  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အခုလို ရေးသားထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

" 19-3-2021

ရခိုင်ပြည်နယ်၊ မြောက်ဦး က မီးဘေးသင့်ခံခဲ့ရသည့် 

တိမ်ညို တိုက်ပွဲရှောင် စခန်း အိမ်ခြေ ၆၆၃ အိမ် အတွက်

ကူညီထောက်ပံ့ပေးပို့ရန် ဒီနေ့ ဒုတိယနေ့ အ​ဖြစ်

ထပ်မံ ထုတ်ပိုး ပြင်ဆင်ပါတယ်။

မီးဘေးသင့် ရခိုင် တိုက်ပွဲရှောင် ပြည်သူများအတွက်

စေတနာရှင် အလှူရှင်များအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။ " ဆိုပြီးလှူဒါန်းဖို့ပြင်ဆင်နေတဲ့ ပုံရိပ်တွေကိုလည်း ဝေမျှပေးတာကြောင့်  ပရိသတ်တွေလည်း သိရှိစေရန်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page 

Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Photo Crd-Wai Lu Kyaw Foundation’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T