တရုတ်နိုင်ငံ ဟီနန်ပြည်နယ် Zhaocun မြို့မှာတည်ရှိတဲ့ Spring Temple Buddha လို့အမည်ရတဲ့ ဗုဒ္ဓရုပ်ပွားတော်ကတော့ ကမ္ဘာပေါ်က အမြင့်ဆုံးဗုဒ္ဓရုပ်ပွားတော်လို့သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။ ထို ဗုဒ္ဓရုပ်ပွားတော်ကတော့ အမြင့်ပေ ၅၀၂ ပေအမြင့်ရှိပါတယ်။ မြန်မာနိုင်ငံ မုံရွာမြို့မှာတည်ရှိတဲ့ လေးကျွန်းစကြာ ရပ်တော်မူရုပ်ပွားတော်ကတော့ အမြင့်ပေ ၄၂၄ ပေတည်ရှိတာကြောင့် မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့လည်း ၄င်းရုပ်ပွားတော်ကြီးကို ကမ္ဘာ့အမြင့်ဆုံးရုပ်ပွားတော်လို့သတ်မှတ်ထားတာလဲဖြစ်ပါတယ်။
တရုတ်က Spring Temple ဗုဒ္ဓရုပ်ပွားတော်ဟာ အောက်ခံခုံနှစ်ခုပါရှိပြီး ထိုခုံနှစ်ခုရဲ့အမြင်ပေဟာ ၁၄၅ ပေအထိရှိနေတာကြောင့် ရုပ်ပွားတော်ကြီးပဲဆိုရင် ၃၆၇ အမြင့်ပေရှိနေပါတယ်။ မြန်မာနိုင်ငံက လေးကျွန်းစကြာ ရပ်တော်မူရုပ်ပွားတော်ကတော့ အောက်ခံခုံတစ်ခုသာပါရှိပြီး ၎င်းအောက်ခံခုံရဲ့အမြင့်က ၄၄ပေသာရှိတာကြောင့် ရုပ်ပွားတော်ကြီးပဲဆိုရင် ၃၈၀ အမြင့်ပေရှိနေတာပဲဖြစ်ပါတယ်။
ဗုဒ္ဓရုပ်ပွားတော်ရဲ့အမြင့်ပေကိုသာသတ်မှတ်ပြီးခွဲခြားမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာတည်ရှိတဲ့ လေးကျွန်းစကြာ ရပ်တော်မူရုပ်ပွားတော်က ကမ္ဘာ့အမြင့်ဆုံးဖြစ်ပါတယ်။သို့ပေမယ့် ကမ္ဘာက အောက်ခံခုံရဲ့အမြင့်ပေပါထည့်တွက်ပြီးသတ်မှတ်တာကြောင့် တရုတ်နိုင်ငံက Spring Temple ဗုဒ္ဓရုပ်ပွားတော်က လက်ရှိမှာ ကမ္ဘာ့အမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရတာပဲဖြစ်ပြီး မြန်မာနိုင်ငံက လေးကျွန်းစကြာ ရပ်တော်မူရုပ်ပွားတော်ကတော့ ဒုတိယကမ္ဘာအမြင့်ဆုံးအဖြစ်သတ်မှတ်ခံထားရတာလဲဖြစ်ပါတယ်။ပရိတ်သတ်တွေသိရှိနိုင်စေဖို့ ဒီအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Brightside