ပရိသတ်ကြီးရေ အာဏာရှင်စနစ်ဟာဆိုရင် ဘယ်သော်အခါမှ ကောင်းမွန်တဲ့ စနစ်မဟုတ်သလို ရက်လဲရက်စက်လှပါတယ်။ ဒါကိုပရိတ်သတ်ကြီးလဲ သိရှိပြီးသားဖြစ်မှာပါ။ သမိုင်းတွေထဲမှာလဲ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်တွေအများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် Adolf Hitler လောက်ဘယ်သူမှ မဆိုးဝါးခဲ့ပါဘူး။ လက်ရှိမြောက်ကိုရီယားလောက်ကတော့ Adolf Hitler က စိတ်မ၀င်စားပါဘူး။
Adolf Hitler ဟာဆိုရင်တော့ April 20 (1889) မှာမွေးဖွားခဲ့သူဖြစ်ပြီး ၁၉၃၃ခုနှစ်ကနေ ၁၉၄၅ ခုနှစ်ထိ ဂျာမန်တွေကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ ဒုတိယကမ္ဘာစစ်တုန်းက ထိပ်သီးအာဏာရှင် ၄ ယောက်ထဲက တစ်ယောက်လဲဖြစ်ခဲ့ပါတယ်။ Nazi Partyရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Hitlerက သူအာဏာပါဝါရနေချိန်မှာ ဒုတိယ ကမ္ဘာစစ်ကို ဖြစ်ပွားစေခဲ့ပြီး တစ်ကမ္ဘာလံုးကို အုပ်ချုပ်ဖို့ ပြုလုပ်ခဲ့ကာ သူရဲ့ ဩဇာလွှမ်းမို့မှုက တစ်ကမ္ဘာလုံးနီးပါး အုပ်လွှမ်းခဲ့ဖူးပါတယ်။ သူရဲ့စစ်တပ်မှာဆိုရင်လဲ ပညာရှင်တွေများစွာရှိပြီး ဘယ်နိုင်ငံမှ မရှိတဲ့ လက်နက်တွေ တင့်ကားတေွကိုလဲ တီထွင်ခဲ့ဖူးပါတယ်။
အဲ့အပြင် လူမဆန်တဲ့စမ်းသပ်မှုတွေကိုလဲ ပြုလုပ်စေခဲ့ပါသေးတယ်။ ယနေ့တိုင် ပြောမိတိုင်းကြောက်လန့်နေရလောက်တဲ့ထိကို ဆိုးဆိုးရွားရွားပြုလုပ်စေခဲ့သူဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုသည်အလျှောက် မိန်းမနဲ့ကလေးပါမကျန် မညှာတာသူတစ်ယောက်ဖြစ်ပြီး ဂျူးလူမျိုးနွယ်တွေကိုလဲ မျိုးသုန်းပျောက်ကွယ်စေခဲ့ပါတယ်။ Hitler ရဲ့မကောင်းတဲ့အရာတွေက ပြောပြလို့တောင်မရတဲ့အထိ ဆိုးရွားခဲ့တဲ့ အာဏာရှင်တစ်ဦးဖြစ်ပါတယ်။ သို့သော်လဲ သူဟာနောက်ဆုံးမှာတော့ ကိုယ့်ကိုကို သေနတ်ပစ်သတ်သေခဲ့တာမို့ သူရဲ့ အဆုံးသတ်ခရီးကတော့ မလှပခဲ့ပါဘူး။ အာဏာရှင်တွေရဲ့နောက်ဆုံးခရီးဟာ မလှမပနဲ့ အဆုံးသတ်ခဲ့ကြတဲ့သူတွေအများကြီးပါပဲ။
သတင်း အရင်းအမြစ်៖ Ranker