တောင်ကိုရီးယားမင်းသမီး လီဆောင်းဉီးဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီး ဇာတ်လမ်းတွဲ ဖြစ်တဲ့ ဖန်ရွှေနင်းနဲ့ ယမင်း ရွှေစင် မှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ လီဆောင်းဦးကို ဂွီဒေါက်လို့ လူသိများပြီး အေးချမ်းတည်ငြိမ်တဲ့ အလှတရားလေးကြောင့် ပရိသတ်တွေ များစွာက ချစ်ခင်ခဲ့ကြတာဖြစ်ပါတယ်။
တည်ငြိမ်အေးချမ်းတဲ့ ဇာတ်ကောင်းတွေကိုသာရွေးရိုက်ပြီး ဇာတ်အေး ကာရိုက်တာတွေနဲ့ လိုက်ဖက်မှု ရှိတဲ့ မမ လီဆောင်းဦးဟာ နောက်ပိုင်းရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ထင်ထားသလောက် အားရ ကျေနပ်ဖို့ မကောင်းခဲ့ပါဘူး။
မမ လီဆောင်းဦး ပါဝင်ရိုက်ကူးခဲ့တဲ့ Trolley ဇာတ်ကားဟာဆိုရင်လည်း imdb rating စုစုပေါင်း 7.6/10 ရရှိခဲ့ပေမယ့် ပရိသတ်တွေကြားမှာ လူပြောမများခဲ့ပါဘူး။
ထို့အတူ Undercover ဇာတ်လမ်းတွဲဟာဆိုရင်လည်း Rating 7/10 အထိ ရရှိခဲ့ပေမယ့် လူပြောများတဲ့ ဇာတ်ကားတစ်ကား မဟုတ်ခဲ့ပါဘူး။ နောက်ထပ် ထွက်ရှိဖို့ရှိနေတဲ့ The Bequeathed ဟာဆိုရင် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ထင်ထားသလောက် မရရှိခဲ့ပါဘူး။ မမ လီဆောင်းဦးရဲ့ အသက်က လက်ရှိမှာ ၄၅ နှစ်အရွယ်ရှိနေပြီ ဖြစ်တာကြောင့် ထိပ်တန်းမင်းသမီး တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို ဆက်လက်ပြီး ထိန်းထားနိုင်မှာလားဆိုတာကို ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။