“ပုံရိပ်ယောင်ကလေးများ” ဟာ လူဦးရေ အလွန်အကျွံ အကျပ်အတည်းကို နှစ် 50 အတွင်း ဖြေရှင်းနိုင်မယ်လို့ ပညာရှင်များက ယုံကြည်ထားပါတယ်။ Catriona Campbell ရဲ့ အဆိုအရ တစ်လလျှင် စတာလင်ပေါင် 20 မျှသာ ကုန်ကျပြီး ကွန်ပျူတာဖြင့် ထုတ်လုပ်ထားတဲ့ ကလေးများဟာ 2070 ခုနှစ်များအစောပိုင်းတွင် သာမာန်ဖြစ်လာဖွယ်ရှိပါတယ်။ Catriona ဟာ ယူကေရဲ့ ဉာဏ်ရည်တုဆိုင်ရာ ထိပ်တန်းအာဏာပိုင်တစ်ဦးဖြစ်ပြီး အစိုးရအကြံပေးဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။

သူမက "ကျွန်မတို့ဟာ သူတို့ရဲ့ 'မိဘများ' အတွက် ရည်ရွယ်ချက်များအားလုံး အမှန်တကယ်ဖြစ်မည့် Tamagotchi Generation ကို ဖန်တီးရန် လမ်းကြောင်းမှန်ပေါ်ရောက်နေပြီဖြစ်ပါတယ်။

၀ယ်ယူသူတွေရဲ့ လိုအပ်ချက်အပေါ်မှာ အခြေခံပြီးတော့ AI ကလေးတွေဟာ လစဉ်ကြေးအနည်းငယ်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာမှာဖြစ်ပါတယ်" Catriona ကဆက်လက်ပြီး “ပုံရိပ်ယောင်ကလေးများဟာ နှစ် 50 အတွင်း လက်တွေ့ကမ္ဘာရှိကလေးများနှင့် ကွဲကွဲပြားပြားမရှိတဲ့အထိ နည်းပညာများ တိုးတက်လာမည်ဖြစ်ပါတယ်။

" Tamagotchi ဟာ ယခုချိန်မှာ Al ကလေးတွေကို ပြုလုပ်လျက်ရှိပါတယ်။“ကမ္ဘာလှည့်ပတ်မှု တိုးတက်ပြောင်းလဲလာတာနှင့်အမျှ၊ ဖွံ့ဖြိုးပြီးကမ္ဘာကြီးဟာ ပုံရိပ်ယောင်ကလေးတွေကို လူ့အဖွဲ့အစည်းက အပြည့်အဝလက်ခံတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမှာကို ကျွန်မမြင်နိုင်ပါတယ်။

" ဒီကလေးငယ်များဟာ "ကြေးခေတ်ကတည်းက လူသားတို့ရဲ့ အရေးကြီးဆုံး နည်းပညာဆိုင်ရာ အောင်မြင်မှုများထဲမှ တစ်ခု ဖြစ်နိုင်တဲ့ "အပြည့်အဝ ဒစ်ဂျစ်တယ် လူဦးရေစာရင်း" ရဲ့ အစဖြစ်လိမ့်မည်ဟု Catriona မှ ပြောကြားခဲ့ပါတယ်။ လူအချို့က လူဦးရေ ကျဆင်းမှုကို ကြိုဆိုကြပါတယ်။

ပလေးဘွိုင်မော်ဒယ် ဗစ်တိုးရီးယားဘိုညာဟာ မကြာသေးမီက သဘာဝပတ်ဝန်းကျင်ကို ပျက်ပြားစေတာထက် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့် သုတ်သင်ရှင်းလင်းရခြင်းဟာ ပိုကောင်းမည်ဟု ပြောဆိုခြင်းဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပါသေးတယ်။