အဖြူရောင်နှင်းတောထဲက ရေပူစမ်းအိုင်လေးများ

//s9.kh1.co/f3/f352f474045bfc13a4a490d60c8e0c3fdb4fd535.jpg
MPT

 ၀၉-သြ-၂၀၂၄ ၂pm · လွန်ခဲ့သော တစ်လ က

အဖြူရောင်နှင်းတောထဲက ရေပူစမ်းအိုင်လေးများ

တူရကီနိုင်ငံက ဒီရေအိုင်ငယ်လေးတွေဟာ ရုတ်တရက်ကြည့်ရင် အဖြူရောင်နှင်းတောထဲကအပြာရောင်ရေအိုင်ငယ်လေးတွေနှင့်တူညီနေပါတယ်။ ပတ်ဝန်းကျင်ကနှင်းတွေကြောင့် အတော်လေးအေးမယ်လို့ထင်ရပေမဲ့ ဒီရေအိုင်လေးတွေဟာ ရေပူစမ်းတွေဖြစ်ပြီးတော့ အတော်လေးနွေးထွေးတဲ့ရေတွေကိုပိုင်ဆိုင်ထားပါတယ်။

https://s9.kh1.co/__image/w=564,h=705,q=100/03/03f2609b593b0436b545d21518aaed3692a53b82.jpg

ကယ်လ်စီယန်ကာဗွန်နိတ်အနယ်ထိုင်ခြင်းကနေ ဖြစ်တည်လာတဲ့ရေပူစမ်းတွေဟာ မြေအောက်ကရေပူတွေကြောင့်အခုလိုမျိုးအိမ်မက်ဆန်တဲ့ရေပူစမ်းကန်လေးတွေဖြစ်လာတာဖြစ်ပါတယ်။ အဖြူရောင်နှင်းတွေကြားထဲရှိနေတာကြောင့် ဝါဂွမ်းနန်းတော်ဆိုပြီးနာမည်ကြီးတဲ့ ဒီရေပူစမ်းကန်တွေဟာ ဒေသခံတွေနှင့်ခရီးသွားတွေကြားမှာအတော်လေးနာမည်ကြီးပါတယ်။

https://s9.kh1.co/__image/w=564,h=351,q=100/c4/c4d87f1e6cccc826e0490ebeaa768065598dd791.jpg

ဒါ့အပြင် ရေပူစမ်းဟာသတ္တုဓာတ်ကြွယ်ဝတာကြောင့် အသားအရေကိုပိုပြီးကောင်းမွန်စေတယ်ဆိုပြီးပါနာမည်ကြီးပါသေးတယ်။ ရေပူစမ်းရဲ့အခြေအနေအကောင်းဆုံးနှင့် သွားရောက်လည်ပတ်ဖို့အသင့်တော်ဆုံးအချိန်ကတော့ ဧပရယ်လကနေ ဂျွန်လအလယ်ပိုင်းလောက်အထိပဲဖြစ်ပါတယ်။ ကျန်တဲ့လတွေမှာဆိုရင် နှင်းကျလွန်းတာ ရေပူစမ်းခမ်းတာမျိုးပြဿနာလေးတွေဖြစ်တတ်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T