လူတွေရဲ့ လက်သည်းတွေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ပြောပြနိုင်ပါတယ်။ လက်သည်းမှာ အဖြူရောင် ဒါမှမဟုတ် လှိုင်းထတာနဲ့ အဖုအထစ်ဖြစ်နေတာတွေဟာ ခန္ဓာကိုယ်တွင်းမှာ တစ်ခုခုဖြစ်နေကြောင်း လက္ခဏာ ပြသနေခြင်းပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်မှာဘာဖြစ်လဲဆိုတာကို သိချင်ရင် ခုဝေမျှပေးသွားမယ့်အရာတွေကို ကြည့်ပြီး ဖော်ထုတ်နိုင်ပါတယ်။

အရောင်ဖျော့ဖျော့လက်သည်း
လက်သည်းက အလွန်အရောင်ဖျော့နေပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ရောဂါဖြစ်ခြင်းရဲ့ လက္ခဏာလို့ သတ်မှတ်လို့ရပြီး သွေးအားနည်းရောဂါ၊ အသည်းရောဂါ ဒါမှမဟုတ် နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းနဲ့ အာဟာရ ချို့တဲ့ခြင်းပဲဖြစ်ပါတယ်။

အဖြူရောင်လက်သည်း
လက်သည်းရဲ့ အနားကွပ်များက မည်းနေပြီး လက်သည်းကဖြူနေမယ်ဆိုရင်တော့ အသည်းရောင်ခြင်း (သို့) အသည်းရောဂါကို ညွှန်ပြနေခြင်းပဲဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ပုံလို လက်ချောင်းရဲ့ အသားရောင်တွေကလည်း ဝါနေမယ်ဆိုရင်တော့ နောက်ထပ် အသည်းပြဿနာတစ်ရပ် ဖြစ်နိုင်ပါတယ်။

အဝါရောင်လက်သည်း
အဝါရောင်လက်သည်း ဖြစ်ရခြင်းရဲ့ အဖြစ်များဆုံးအကြောင်းရင်းကတော့ လက်သည်းပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ လက်သည်းပိုးက ကူးစက်မှုပျံ့သွားတာနဲ့အမျှ လက်သည်းဟာ ထူလာပြီး တစ်စစီ ကျိုးကြေသွားမှာဖြစ်ပါတယ်။ တစ်ချို့သော အခြေအနေတွေမှာတော့ သိုင်းရွိုက်ရောဂါ၊ အဆုတ်ရောဂါ၊ ဆီးချိုရောဂါနဲ့ ဆိုရီယေးစစ် (အရေပြားပြဿနာတစ်မျိုး) တို့မျိုးထိ ဖြစ်တတ်ပါတယ်။

အပြာရောင်လက်သည်း
အပြာရင့်ရောင်ရှိတဲ့ လက်သည်းက ခန္ဓာကိုယ်တွင်းအောက်ဆီဂျင် လုံလုံလောက်လောက်မရခြင်းရဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။ ဒါဟာ emphysema လို အဆုတ်ပြဿနာကို ညွှန်ပြနေခြင်းလည်းဖြစ်ပြီး တစ်ချို့သော နှလုံးဆိုင်ရာပြဿနာတွေကလည်း လက်သည်းပြာခြင်းနဲ့ ဆက်စပ်နေတတ်ပါတယ်။

အမည်းရောင်လိုင်းရှိတဲ့ လက်သည်းအောက်ခြေ
လက်သည်းအောက်ခြေမှာ အမည်းလိုင်းလေးရှိနေပြီဆိုရင်တော့ တတ်နိုင်သလောက် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ကုသသင့်ပါတယ်။ ဒီလက္ခဏာဟာ melaoma လိုမျိုး အရေပြားကင်ဆာအထိ ဖြစ်လာနိုင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။
လက်သည်းအရောင်တွေက အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲရှိတတ်ပါတယ်။ ဥပမာအနေနဲ့ လက်သည်းဖြူတဲ့သူတိုင်း အသည်းရောင်ရောဂါမဖြစ်ပါဘူး။ တကယ်လို့ လက်သည်းမူမမှန်တာ နဲ့ပတ်သက်ပြီးစိုးရိမ်နေတယ်ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ကုသသင့်ပါတယ်။
source - onhealth