သင်သိသင့်တဲ့ မင်းဂွတ်သီးရဲ့ လျှို့ဝှက်ချက်

//s9.kh1.co/9b/9b025631f03f4e53e7ebc0dafbbb04b4d4427e8f.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၃၁-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဒူးရင်းသီး စားပြီးရင် အပူမတက်အောင် မင်းဂွတ်သီးစားကြသူတွေ လည်းရှိပါတယ်

မင်းဂွတ်သီးဟာ ကျနော်တို့ အရှေ့တောင်အာရှ နိုင်ငံများမှာ နာမည်ကြီးတဲ့ အသီးအနှံ တခုဖြစ်ပြီး အများစုကကြိုက်နှစ်သက်ကြပါတယ်။ အခုလိုရာသီမှာ အဓိကပေါများလေ့ရှိပြီး ဈေးချိုချိုနဲ့ ၀ယ်စားလို့ရတဲ့ အသီးအနှံလဲ ဖြစ်ပါတယ်။ ဒူးရင်းသီး စားပြီးရင်လည်း အပူမတက်အောင် မင်းဂွတ်သီးစားကြသူတွေ လည်းရှိပါတယ်။ မင်းဂွတ်သီးစားသုံးသူတွေ အနေနဲ့ မင်းဂွတ်သီးရဲ့ ကျန်းမာရေးအရကောင်းကျိုးတွေကို တော့စုံစုံလင်လင် မသိကြပါဘူး။ ဒါကြောင့် မင်းဂွတ်သီးနဲ့ ပတ်သတ်တဲ့ အချက် ၅ ချက်ကို ပြော‌ပြပေးချင်ပါတယ်။

ဒူးရင်းသီးနဲ့ လည်းတွဲစား
ဒူးရင်းသီးနဲ့ လည်းတွဲစား

၁။  မင်းဂွတ်သီးမှာ အာဟာရတွေအစုံပါပြီး ကိုယ်ခံအားကောင်းစေတယ်

မင်းဂွတ်သီးဟာ ကယ်လိုရီနည်းတဲ့ အသီးအနှံတခုဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်၀စွာ ပါ၀င်ပါတယ်။ ပါ၀င်တဲ့ ဗီတာမင် တွေကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေဖြစ်တဲ့ DNA ထုတ်လုပ်တာတွေ၊ ကြွက်သား ကျုံ့တာ၊ အနာကျက်တာ၊ ကိုယ်ခံအားနဲ့ အာရုံကြောကို အားကောင်းစေပါတယ်။

https://s9.kh1.co/__image/w=620,h=467,q=100/0f/0f29ec749028ef5043ba92c33e6ca82bace052e7.jpg

၂။  ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ချပေးတယ်

မင်းဂွတ်သီးမှာပါတဲ့ xanthone လို့ခေါ်တဲ့ ဓာတ်တမျိုးက ကင်ဆာဆဲလ်တွေ ကြီးထွားတာနဲ့ ပြန့်ပွားတာကို ထိန်းချုပ် ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်‌တွေအရ အဲ့ဒီဓာတ်က ရင်သား၊အစာအိမ်နဲ့ အဆုတ်မှာဖြစ်တဲ့ ကင်ဆာဆဲလ်တွေကို တားဆီးပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=324,q=100/c0/c09b6b83cec6a4a7dacfd230a8c0cbae6b396876.webp

၃။  ဝိတ်ကျစေတယ်

မင်းဂွတ်သီးဟာ ကယ်လိုရီနည်းတဲ့ diet အသီးအနှံ ဖြစ်တာကြောင့် များများစားရင် ဝိတ်ကျစေနိုင်ပါတယ်။ ပြီးတော့ လေ့လာချက်တွေအရ မင်းဂွတ်သီးဟာ အဓိကအားဖြင့် နေလောင်ခြင်းကြောင့်ဖြစ်တဲ့ အရေပြားပျက်စီးမှုတွေနဲ့ အိုးမင်းရင့်ရော်ခြင်းတွေကိုလည်း ပျောက်ကင်းစေနိုင်ပြီး အသားအရည်လှစေပါတယ်။

မင်းဂွတ်သီးရဲ့ ကောင်းကျိုးတွေ
မင်းဂွတ်သီးရဲ့ ကောင်းကျိုးတွေ

၄။  သွေး‌တွင်းသကြားဓာတ်ကို ထိန်းပေးတယ်

သုတေသနတခုအရ မင်းဂွတ်သီးနေ့စဉ်စားတဲ့လူတွေဟာ အင်ဆူလင် မြင့်မားပြီး ဆီးချိုရောဂါကို သိသိသာသာ ကာကွယ်ပေးပါတယ်။ မင်းဂွတ်သီးမှာ ပါ၀င်တဲ့ အမျှင်ဓာတ် နဲ့ အခြားသောအာဟာရဓာတ်တွေက သွေးတွင်းသကြားဓာတ် နဲ့ ဆီးချိုဖြစ်ပွားနိုင်ခြေကို ထိန်းချုပ်ပေးပါတယ်။

မင်းဂွတ်သီးဖျော်ရည်
မင်းဂွတ်သီးဖျော်ရည်

၅။  အခြားကျန်းမာရေးကောင်းကျိုးများ

မင်းဂွတ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) နဲ့ ရောင်းရမ်းတာကိုပျောက်ကင်းစေနိုင်တဲ့ သတ္တိရှိတာကြောင့် ရောင်ရမ်းစေတဲ့ ရောဂါတွေနဲ့ နာတာရှည်ရောဂါတွေကို သက်သာစေပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးကာ အစာခြေစနစ်ကိုလည်း ကောင်းမွန် စေနိုင်ပါသေးတယ်။

မြန်မာပြည်က မင်းဂွတ်သီး
မြန်မာပြည်က မင်းဂွတ်သီး

မင်းဂွတ်သီးကို အချိန်မရွေးစားသုံးနိုင်ပြီး ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသေးတယ်။ မင်းဂွတ်သီးဟာ အပူလည်းကျစေတာကြောင့် အပူကန်တတ်တဲ့ လူတွေအနေနဲ့ များများစားသင့်ပါတယ်။ နောက်ပြီး  အရှေ့တောင်အာရှ မဟုတ်တဲ့နိုင်ငံတနိုင်ငံ ကိုရောက်နေမယ်ဆိုရင်တော့ မင်းဂွတ်သီးကို မြင်ရဖို့မကျိန်းသေပါဘူး။ ဒါကြောင့်ကိုယ့်နိုင်ငံမှာ ဈေးပေါပေါနဲ့ရတဲ့ ကျန်းမာရေးအရကောင်းကျိုးများတဲ့ မင်းဂွတ်သီးကိုစားကြဖို့တိုက်တွန်းပါတယ်။ လက်ရှိအချိန်ထိတော့ မင်းဂွတ်သီးမှာဆိုးကျိုး တစုံတရာ ရှိတယ်လို့ မတွေ့ရှိသေးပါဘူး။ ဒါပေမယ့်လို့တော့ မင်းဂွတ်သီးကို သကြားနဲ့တော့တွဲမစား မိပါစေနဲ့နော်။

Photo-credit

သတင်း အရင်းအမြစ် Healthline

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T