Balenciaga က ထုတ်လုပ်လိုက်တဲ့ သိန်း ၅၀ တန် အမှိုက်ပုံးထဲက ဖိနပ်များ

//s9.kh1.co/42/425ae9f91c49d00da50f33dbd4d34c49cbda01eb.jpg
MPT

 ၃၁-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

Balenciaga က ထုတ်လုပ်လိုက်တဲ့ သိန်း ၅၀ တန် အမှိုက်ပုံးထဲက ဖိနပ်များ

ကမ္ဘာကျော် ဖက်ရှင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Balenciaga ဟာ သင့်အတွက် နောက်ဆုံးပေါ် ဖိနပ်တစ်စုံကို ယူဆောင်လို့ လာခဲ့ပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=577,h=797,q=100/44/44fcab51fc5508c4b084dbf2a480444652a06dcc.png

ဇိမ်ခံ တံဆိပ်ဟာ သူ့ရဲ့ Limited Edition အသစ်ဖြစ်တဲ့ 'distressed' ဆိုတဲ့ ဖိနပ်အမျိုးအစားကို ထုတ်‌ခဲ့ပါတယ်။ တခြားဖိနပ်တွေနဲ့မတူညီဘဲ လုံး၀ကွဲထွက်လို့နေပါတယ်။ သင့်ကိုမျက်စိကျစေမယ့် ဒီဖိနပ်တွေဟာ US $1,850 (AUD$2,700၊ £1,524) တန်ကြေးရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/79/79718dd9b7d59e80dc481723e23f1b9bda8a2430.webp

Balenciaga ရဲ့ ကိုယ်ပိုင်စကားအရ ဖိနပ်များကို 'အပျက်အစီးအပြည့်ရှိတဲ့ ချည်နှင့်ရော်ဘာ' ဖြင့်ပြုလုပ်ထားပြီး 'တစ်ထည်လုံး စုတ်ပြဲသွားခြင်း' ဖြင့်ပြုလုပ်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a8/a80742fd15f1f1611e04f29001400c2c89e2a886.jpg

အမှိုက်ပုံးထဲက သင်ဆွဲထုတ်လိုက်တဲ့ တခြားဖိနပ်တွေနဲ့ မတူဘဲ သူတို့ကို ဘေးတစ်ဖက်တစ်ချက်မှာ Balenciaga အမှတ်တံဆိပ်ကို ဂရပ်ဖီတီ အသွင်အပြင်နဲ့ ပြသထားတာကြောင့် ကျေနပ်စရာပါပဲ။ 'extra-destroyed' များကို အဖြူအမည်းဖြင့် ရရှိနိုင်ပြီး ဒီဇိမ်ခံအမှတ်တံဆိပ်ဟာ အဆိုပါ limited edition ဖိနပ် အတွဲ 100 ကိုသာ ရောင်းချမည်ဟု ဆိုပါတယ်။

https://s9.kh1.co/__image/w=573,h=657,q=100/86/863a9234e08587bfef6dd9df7a35719f946fc224.png

သင်ဘယ်လိုမြင်လဲပေါ်မူတည်ပြီး ဒါဟာ ကောင်းလား ဆိုးဝါးပါသလား? တွစ်တာအသုံးပြုသူတစ်ဦးက "Balenciaga က ဖိနပ်အသစ်တစ်ရံကို ထုတ်ပေးနေပြီး၊ ဒီအချိန်မှာ လူတွေကို လှည့်စားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။

https://s9.kh1.co/__image/w=577,h=574,q=100/cb/cbbe88fcf0ef6e20919bb47d743a32ee521a5e74.png

" ဒုတိယအသုံးပြုသူတစ်ဦးက "Balenciaga ဟာ သူလုပ်ဖူးသမျှထဲ အရုပ်ဆိုးဆုံး s**t မှာ ပိုက်ဆံသုံးနိုင်လောက်အောင် ဘယ်သူက မိုက်မဲနေလဲဆိုတာ သိနိုင်ဖို့ လူမှုစမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။" လို့ရေးသားထားပါတယ်။ ကောင်းမွန်းတဲ့ Comments တွေကိုလိုက်ရှာပေမယ့်လည်း လူတိုင်းက တူညီတဲ့ မှတ်ချက်တွေပဲ မန့်ခဲ့ကြပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T