ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ မှန်တံတားဟာ ကမ္ဘာ့အရှည်ဆုံး မှန်တံတားအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ပြီလို့ သိရပါတယ်။ ယခင် ကမ္ဘာ့အရှည်ဆုံး မှန်တံတားဟာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် က မှန်တံတားဖြစ်ပြီး ၎င်းဟာ (၁၇၂၆) ပေ ရှည်လျားတယ်လို့ သိရပါတယ်။

ယခု ဂင်းနစ် စံချိန် တင်သွားတဲ့ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း ဆောင်လပြည်နယ်မှာရှိတဲ့ Bach Long မှန်တံတားကတော့ ပြီးခဲ့တဲ့ဧပြီလကမှ တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အလျား (၂၀၇၃)ပေ ရှည်လျားတယ်လို့ သိရပါတယ်။

မြေပြင်အထက်(၄၉၂)ပေအမြင့်မှာ ရှိတဲ့ တောင် (၂) လုံးကို ဆက်သွယ်ကာ တည်ဆောက်ထားတဲ့ ကြိုးတံတားအမျိုးအစားဖြစ်ပြီး တစ်ကြိမ်ကို လူ (၄၅၀) အထိ ဖြတ်သန်းလမ်းလျှောက်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒီတံတားဟာ ဗီယက်နမ်နိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ တတိယမြောက် မှန်တံတား ဖြစ်တယ်လို့ သိရပါတယ်။

