မီးဖွင့်အိပ်တာက ကျန်းမာရေးအတွက် ကောင်းလား ?

//s9.kh1.co/d9/d9c49851750b041d5b2cb89a3504396dff95f50b.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၉-မေ-၂၀၂၂ ၈pm · လွန်ခဲ့သော ၄ နှစ် က

မီးဖွင့်အိပ်တာက ကျန်းမာရေးအတွက် ကောင်းလား ?

ငယ်ငယ်က ညဘက်မီးတွေပိတ်လိုက်ပြီး ခဏအကြာ ဆိုတာနဲ့ လူကြီးတွေဆီကနေ အိပ်ဖို့အချိန်ရောက်ပြီဆိုတဲ့စကားကို ကြားရမှာပဲ ဖြစ်ပါတယ်။ အိပ်စက်တဲ့အခါမှာ အလင်းရောင်တွေပိတ်ပြီးမှ အိပ်စက်တာက အလင်းရောင်မပိတ်ဘဲ အိပ်စက်တာထက် ပိုကောင်းပါတယ်။ အိပ်စက်တဲ့အခါမှာ မီးပိတ်ပြီးမှ အိပ်တာက ကျန်းမာရေးအတွက် ကောင်းပေမယ့် လူတိုင်းကတော့ အဲ့ဒီလိုမအိပ်ကြပါဘူး။ အထူးသဖြင့် အမှောင်ကြောက်တဲ့သူတွေပဲဖြစ်ပါတယ်။  

မီးအလင်းရောင်နဲ့ အိပ်စက်တဲ့အချိန်မှာ ဖွင့်ထားတဲ့ မီးအလင်းရောင်တွေက အိပ်စက်ခြင်းအဆင့်ကို ရောက်စေတဲ့  ဦးနှောက်လည်ပတ်မှုအပေါ်ကို အနှောင့်အယှက်ပေးပြီး ဒီလို အနှောင့်အယှက်ဖြစ်ခြင်းက အိပ်ရေးမဝခြင်းဖြစ်စေတာကြောင့် အခုပြောပြမယ့်ဆိုးကျိုးတွေကို ခံစားရစေမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/53/53eb33e4d82291e2d5ee560df8259832de6b6dfa.jpeg

စိတ်ကျရောဂါဖြစ်စေခြင်း

မီးဖွင့်ထားပြီး အိပ်တာက စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေက ထွက်လာတဲ့ အပြာရောင်အလင်းတန်း‌တွေက လူတွေရဲ့ စိတ်ခံစားချက်အပေါ် ဆိုးကျိုးသက်ရောက်မှုဖြစ်ပေါ်စေပြီး စိတ်ကျရောဂါဖြစ်လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/0b/0bfea58765235cca754ffb447826339c17c441c1.jpg

အဝလွန်ခြင်း

အဝလွန်ခြင်းကို လေ့လာကြည့်တဲ့အခါမှာ မီးအလင်းရောင်နဲ့ အိပ်သူတွေဟာ မီးအလင်းရောင် ပိတ်ပြီး အိပ်တဲ့သူတွေထက် အဝလွန်ရောဂါပိုအဖြစ်များကြောင်းတွေ့ရပါတယ်။ အိပ်ခန်းထဲမှာ ရှိတဲ့ မီးအလင်းရောင်က အိပ်ခန်းအပြင်ဘက်မှာရှိတဲ့ မီးအလင်းရောင်တွေနဲ့မတူဘဲ ကိုယ်တွင်းဇီဝဖြစ်စဉ်အပေါ်ကိုသက်ရောက်မှုရှိကြောင်း တွေ့ရပါတယ်။ ဒါကြောင့်ပဲ မီးဖွင့်ပြီးအိပ်စက်ခြင်းက အဝလွန်ရောဂါ ဖြစ်လာနိုင်ခြေရှိတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e6/e672d038c003a8ccda06a9eb5ed0dbccd0e49d23.jpg

Insomnia ဖြစ်နိုင်ခြေနှုန်းများခြင်း

ပတ်ဝန်းကျင်က မှောင်နေတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ကနေ အိပ်ချိန်ရောက်ပြီလို့ ယူဆလေ့ရှိပြီးတော့ melatonin ကို ထုတ်ပေးပါတယ်။ melatonin များလာတဲ့အခါမှာတော့ လူကအိပ်ချင်လာတာပဲဖြစ်ပါတယ်။ မီးဖွင့်ထားတဲ့အချိန်မှာ ခန္ဓာကိုယ်က melatonin  ထုတ်နှုန်းလျော့သွားပြီးတော့ melatonin နည်းပါးလာတာကြောင့် အိပ်စက်ခြင်းကို ထိခိုက်လာစေနိုင်တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာတော့ ညစဉ်ကောင်းကောင်း အိပ်မပျော်ခြင်းအသွင်အဖြစ်ကို ပြောင်းလဲသွားပြီးတော့ Insomnia ဖြစ်လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ef/ef4209f70d04fe526eaeff4002ee64b529f110c0.webp

ဟော်မုန်းမညီဖြစ်စေခြင်း

လူတွေရဲ့ ခန္ဓာကိုယ်မှာ ပတ်ဝန်းကျင်က အလင်းရောင်ရှိတဲ့အချိန်ဆိုနေ့လို့ သတ်မှတ်ပြီး မှောင်နေတဲ့အခါ ညရောက်ပြီလို့ သတ်မှတ်ပေးပြီး အိပ်ချင်စိတ်ပေါ်လာအောင်ပြုလုပ်ပေးတဲ့ ဇီဝနာရီဆိုတာရှိပါတယ်။ Melatonin က အဲ့ဒီဇီဝနာရီရဲ့ အနေအထားကို ချိန်ညှိပေးတဲ့အပြင် သွေးပေါင်ချိန်ထိန်းညှိခြင်း နဲ့ရောင်ရမ်းခြင်းကို ကာကွယ်ပေးခြင်း၊ မျိုးပွားခြင်း စတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကိုပါ ကူညီလုပ်ဆောင်ပေးပါတယ်။ မီးဖွင့်ပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ရဲ့ melatonin ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှမှုတွေဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်။

ဒါကြောင့် စာဖတ်သူက မီးဖွင့်ပြီး အိပ်တတ်တဲ့ အလေ့အကျင့်ရှိမယ်ဆိုရင် မီးကို မှိန်မှိန်ထားတာမျိုး၊ မီးရောင်အဖျော့သုံးတာမျိုးနဲ့ မျက်လုံးအကာ သုံးပြီး အိပ်စက်တာမျိုးတွေနဲ့ ဖြေးဖြေးချင်း အကျင့်ဖျောက်ကာ အိပ်စက်သင့်ပါတယ်။

Rain
Rain

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T