ဒူးရင်းသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာ (၅) မျိုး

//s9.kh1.co/7e/7e7d145c25eb7158ec29203ce1fe23cb33a15f74.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၉-မေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒူးရင်းသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအစာ (၅) မျိုး

အခုရာသီက ဒူးရင်အရမ်းပေါတဲ့ အချိန်အခါကို ရောက်လာပြီဆိုတော့ ဒူးရင်းသီးသရဲလေးတွေအတွက် ဒူးရင်းသီးစားတဲ့အခါ သတိထား သင့်တာလေးတွေရှိပါတယ်။ ဒူးရင်းသီးက အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိတာမှန်ပေမယ့် အလွန်အကျွံစားသုံးတဲ့အခါနဲ့ တွဲဖက်မစားသုံးသင့်တဲ့အစားအစာတွေနဲ့ တွဲဖက် စားသုံး မိမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ကဲ ဘယ်အစားအစာလေးတွေဆိုတာ ကြည့်လိုက်ကြရအောင် ….

https://s9.kh1.co/__image/w=650,h=366,q=100/b2/b2363202bf71b263b114dfdbf76fbf93809c0ea9.jpg

1.     နို့နဲ့ နို့ထွက် ပစ္စည်းများ

သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခန့် မသင့်ရင် သေစေနိုင်တဲ့အထိဖြစ်စေနိုင်တာကြောင့် သတိပြု ဆင်ခြင်သင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=411,q=100/b6/b61d04bdcdc6459eb296acf75a72a4c78a4a5f42.jpg

2.     ဂဏန်း

ဒူးရင်းသီးနဲ့ ဂဏန်းတွဲဖက်စားသုံးခြင်းဟာ အပူစာနဲ့ အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်တာကြောင့် ဝမ်းဗိုက်မအီ မသာဖြစ်ခြင်းနဲ့ ဗိုက်အောင့် ဗိုက်နာတွေကိုဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/2e/2ecf50f36fc6b72b7d38e08eecde5333c69ee7ee.jpg

3.     အမဲသား၊ မှို

အမဲသားတို့ မှိုတို့လို အပူစာတွေနဲ့ ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းဟာ အစာအဆိပ်သင့်စေနိုင်ပြီး အော့အန်ခြင်း ၊ အသက်ရှုကြပ်ခြင်းနဲ့ ဖျားနာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=480,h=269,q=100/9d/9d36ec6f11e12c87d9bc995b80d879134367f189.jpg

4.     ကော်ဖီ

ကဖင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကော်ဖီနဲ့ ဒူးရင်းသီးတွဲဖက်စားသုံးခြင်းဟာ ရုတ်တရက် နှလုံးရပ်ခြင်း၊ အသက်ရှု ကြပ်ခြင်း နဲ့ ခေါင်းအလွန်အမင်းကိုက်ခဲခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=426,q=100/c2/c24a75cf31386b333fc14674214a2030af245fc4.jpg

5.     အရက်၊ ဘီယာ၊ ဝိုင်

ဒူးရင်းသီးစားသုံးပြီးတဲ့အခါနဲ့ မစားသုံးခင်မှာ အရက်၊ ဘီယာ၊ ဝိုင်အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ တွဲဖက် စားသုံးမယ်ဆိုရင်တော့ ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံး သွေးကြောပေါက်ခြင်းနဲ့ လေဖြတ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

Photo Credit & Source : klnow.com

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T