မျောက်ကျောက်ရောဂါနဲ့ ရေကျောက်ရောဂါကြားက ကွားခြားချက်‌တွေ

//s9.kh1.co/4f/4ff9b02958d1bfcb5bb5094a64447c1cfcd89ebb.webp
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၄-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

ရေကျောက်ရောဂါရော မျောက်ကျောက်ရောဂါရော နှခုစလုံးက အသက်ရှုလမ်းကြောင်းမှ တဆင့်ကူးစက်နိုင်...

အခုရက်တွေအတွင်း နိုင်ငံပေါင်းများစွာမှာ အဖြစ်များနေပြီး ခေတ်စားနေတဲ့ မျောက်ကျောက်ရောဂါဟာ မြန်မာပြည်ကို ရောက်လာပြီဆိုပြီး ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒါကလည်း အရင်ကဖြစ်ဖူးကြတဲ့ ရေကျောက်ရောဂါနဲ့ လက္ခဏာဆင်တူနေကြလို့ပဲဖြစ်ပါတယ်။ ရေကျောက်နဲ့ ‌မျောက်ကျောက်ရောဂါဟာ ရောဂါလက္ခဏာချင်း ခပ်ဆင်ဆင်တူကြပေမယ့် သူတို့ကြားကခွဲခြားလို့ရတဲ့ ကွာခြားချက် အနည်းငယ်ရှိတာကြောင့် ရေကျောက်လား မျောက်ကျောက်လား ခွဲခြားလို့ရအောင် ပြောပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=615,h=407,q=100/fa/fa3763047b2398b7e0d3feb923e4ac6d5e889780.jpg

ရေကျောက်ရောဂါရော မျောက်ကျောက်ရောဂါရော နှခုစလုံးက အသက်ရှုလမ်းကြောင်းမှ တဆင့်ကူးစက်နိုင်ပြီး ရောဂါကူးစက်ခံနေရသူရဲ့ အရေပြားနဲ့ ရောဂါပိုးရှိသူကိုင်တွယ်ပြီးတဲ့ အရာဝတ္ထုများကို တိုက်ရိုက်ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ရေကျောက်ဟာ အဖြစ်များပြီး အလွန်ကူးစက်မြန်တဲ့ ရောဂါဖြစ်ပေမယ့် မျောက်ကျောက်ကတော့ ရှားပါးတဲ့ရောဂါ ဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါဟာ ရေကျောက်ကဲ့သို့ အများအားဖြင့် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခါးကိုက်ခြင်း၊ ချမ်းတုန်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ အပါအဝင် အပျော့စား ရောဂါလက္ခဏာများကိုခံစား ရနိုင်ပြီး ရေကျောက်နဲ့မတူတဲ့ မျောက်ကျောက်ရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခုကတော့  ပြန်‌ရည်ကြော‌ ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/2e/2ec5f8ab2f95325ae05132c5631630f05a64432c.jpg

မျောက်ကျောက်ပေါက်တဲ့ အချိန်ဟာ ၇ ရက်မှ ၁၄ ရက်အထိကြာနိုင်ပြီး မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီးနောက်၊ ရေကျောက်နှင့်ဆင်တူတဲ့ အဖုများဟာ အများအားဖြင့် အဖျားတက်ပြီး တစ်ရက်မှ သုံးရက်အတွင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ရေကျောက်ကတော့ မျောက်ကျောက်လို မဟုတ်ဘဲ အချိန်အခါမရွေး အဖုတွေပေါက်လာတတ်ပြီး တစ်ချိန်တည်းမှာ ကြီးထွားလာတတ်ပါတယ်။  မျောက်ကျောက်ရောဂါ လက္ခဏာများဟာ အများအားဖြင့် နှစ်ပတ်မှ လေးပတ်ကြား ကြာတတ်ပြီး အချို့မျိုးကွဲများဟာ ပြင်းထန်ပြီး လတ်တလောသေဆုံးမှုမှာ ၃ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောထားပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/4d/4d3df797a022476da3b97c5d078e5e868c96e35b.webp

ရေကျောက်ရောဂါ လက္ခဏာများဟာ နှစ်ပတ်အထိကြာနိုင်သော်လည်း များသောအားဖြင့် ၇ ရက်အတွင်း သက်သာ သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ‌ရေကျောက်ရောဂါဟာ တသက်မှာ တခါသာဖြစ်လေ့ရှိပြီး ရောဂါဖြစ်ဖူးသူတွေ အနေနဲ့ နောက်တကြိမ်ထပ်မံဖြစ်ပွားဖို့ အလားအလာ အလွန်နည်းပါးပါတယ်။ ဒါကြောင့် ရေကျောက် ဖြစ်ဖူးသူတွေကတော့ မျောက်‌ကျောက်ရောဂါဖြစ်၊ မဖြစ် ကို ကွဲကွဲပြားပြားသိနိုင်ပြီး မဖြစ်ဖူးသေးသူများ အနေနဲ့ကတော့ နှခုလုံးကို စိုးရိမ်ဖို့လိုအပ်ပါတယ်။ မျောက်ကျောက်ရောဂါနဲ့ ပတ်သတ်ပြီး ရောဂါကိုစိုးရိမ်ဖို့ လိုအပ်ကြောင်း နဲ့ တတ်နိုင်သမျှအဖြေရှာသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပြောထားပါသေးတယ်။

Photo-credit

သတင်း အရင်းအမြစ်The Independent

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T