လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းသုံးသောင်းကျော်က ထူးထူးဆန်းဆန်း သွားရုပ်ကြွင်းတစ်ခု

//s9.kh1.co/e7/e727d9557cb68dc98061592a41e57adce8c3fea0.png
MPT

 ၂၄-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းသုံးသောင်းကျော်က ထူးထူးဆန်းဆန်း သွားရုပ်ကြွင်းတစ်ခု

စူးစမ်းလေ့လာသူတွေဟာ လာအိုနိုင်ငံက လှိုဏ်ဂူတစ်ခုထဲမှာ ကျောက်ခေတ်က မိန်းမရွယ်လေးတစ်ယောက်ရဲ့သွားကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သွားရုပ်ကြွင်းရဲ့ပိုင်ရှင်ဟာ ဒယ်နီဆိုဗန်လို့ခေါ်တဲ့ ကျောက်ခေတ်ရှေးလူသားတစ်ဦးပါ။အခုတွေ့ရှိမှုကြောင့်လူသားတွေရဲ့ဇစ်မြစ်အစကို ပြန်လေ့လာရာမှာ အများကြီးအထောက်အကူဖြစ်လာစေတယ်လို့ ရှာဖွေတွေ့ရှိခဲ့တဲ့ပညာရှင်တွေက ထုတ်ပြောလာခဲ့ပါတယ်။

https://s9.kh1.co/__image/w=576,h=317,q=100/12/12e6d634430323464fc5c6cee1ae3e4f39ff7907.png

ဒယ်နီဆိုဗန်တွေဟာ ကျောက်ခေတ်နဲ့ ကျောက်ခေတ်နှောင်းပိုင်းတုန်းက အာရှတိုက်တခွင်မှာလှည့်လည်သွားလာနေကြတဲ့ လူသားမျိုးနွယ်စိတ်ဖြစ်ပါတယ်။သူတို့ရဲ့ရုပ်ကြွင်းတွေကိုပထမဆုံး ၂၀၁၀ ခုနှစ်ရုရှားမှာစတင်တွေ့ရှိခဲ့ပြီး နှစ်ပေါင်းနှစ်သောင်းလောက်သက်တမ်းရှိ အရိုးတွေနဲ့ မေးရိုးရုပ်ကြွင်းတစ်ခုကို တိဘက်မှာတွေ့ခဲ့ပါသေးတယ်။အခုလာအိုမှာတွေ့ခဲ့တဲ့ရုပ်ကြွင်းကတော့ အရှေ့တောင်အာရှမှာပထမဆုံးတွေ့တဲ့ရုပ်ကြွင်းပါ။

https://s9.kh1.co/__image/w=650,h=743,q=100/97/97b6149e9ad5e687b7a0b8c9396c922d2d75c8dc.png

ရုပ်ကြွင်းကိုလာအိုနိုင်ငံမြို့တော်ရဲ့ မြောက်ဖက် ၁၅၀ မိုင်အကွာလောက်က Cobra လှိုဏ်ဂူမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။သွားဟာစောင်းနည်းနည်းထက်ပြီး အဖျားချွန်သွားတာကလွဲလို့ ယနေ့ခေတ်လူသွားတွေနဲ့အတူတူပါပဲ။တခြားတိရစ္ဆာန်ရုပ်ကြွင်းတွေနဲ့အတူတူတွဲတွေ့ရတဲ့အတွက်ကြောင့်မလို့ ရေကြီးမှုတစ်ခုကြောင့် တွေ့ရှိရတဲ့နေရာကိုရောက်နေတယ်လို့ခန့်မှန်းရပါတယ်။

https://s9.kh1.co/__image/w=650,h=307,q=100/35/352e52a045817724b24a882002b9e032498cf5a1.png

သွားဟာပြည့်ပြည့်စုံစုံအကောင်းအတိုင်းတော့မရှိတော့ပါဘူး။အထဲမှာရှိနေတဲ့အနည်တွေကို လေ့လာကြည့်ရာမှာ သွားဟာနှစ်ပေါင်း ၁၃၁,၀၀၀ ကနေ ၁၆၄,၀၀၀ လောက်ထိသက်တမ်းရှိနေတယ်လို့ခန့်မှန်းရပြီး ပရိုတိန်းတွေအရတော့ ၃ နှစ်ကနေ ၈ နှစ်ကြားမိန်းကလေးတစ်ယောက်ရဲ့သွားဖြစ်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=640,h=353,q=100/e7/e727d9557cb68dc98061592a41e57adce8c3fea0.png

ဒယ်နီဆိုဗန်တွေကိုနေရာစုံမှာတွေ့ရှိမှုဟာ လူသားတွေရဲ့ဇစ်မြစ်အတွက် ပိုပြီးတော့ခက်ခဲရှုပ်ထွေးစေပါတယ်။အရှေ့တောင်အာရှကလူမျိုးတော်တော်များများ DNA ရဲ့ ၅% လောက်ဟာ ဒယ်နီဆိုဗန်တွေရဲ့ DNA တွေပါ။ ဒယ်နီဆိုဗန်တွေကလည်း တခြားကျောက်ခေတ်လူသားတစ်မျိုးနဲ့ချိတ်ဆက်နေတာကြောင့် အာရှတိုက်ထဲကလူသားတွေရဲ့ဇစ်မြစ်ဟာ ရှုပ်ထွေးနေတာဖြစ်ပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T