ဒူးရင်းသီး အကြောင်းသိသင့်တဲ့ အချက် (5) ချက်

//s9.kh1.co/80/80e5df82e90f1a460f56ab75edc6278b6ee846bf.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၃-မေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ရာသီစာ ဒူးရင်းသီးစားတော့မယ်ဆိုရင် ဒီအချက်တွေသိထားသင့်ပါတယ်

အခုလို ၅လပိုင်း ကျော် ၆လပိုင်း ရောက်လာပြီဆိုတော့ ကျနော်တို့ မြန်မာအပါအဝင် အ‌ရှေ့တောင်အာရှနိုင်ငံတွေမှာ ခေတ်အစားဆုံးကတော့ ရာသီပေါ် ဒူးရင်းသီးပဲဖြစ်ပါတယ်။  ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာတို့မှာ အဓိက ပေါက်ရောက်လေ့ရှိပါတယ်။ ရာသီစာ ဒူးရင်းသီးကို သူရဲ့ အရသာကြောင့် ကြိုက်တဲ့လူအများကြီးရှိပေမယ့်လည်း၊ အနံ့ကြောင့်အများစုက ကြိုက်နှစ်သက်ခြင်းမရှိကြပါဘူး။ ကျနော်တို့လူတွေကလည်း အရသာဘယ်လောက်ကောင်းကောင်း အနံ့ကိုမကြိုက်ရင် မစားကြတာဆိုတော့ ဒူးရင်းသီးကိုကြိုက်တဲ့လူနဲ့ မကြိုက်တဲ့လူဆိုပြီး အုပ်စုကွဲနေကြတာပဲဖြစ်ပါတယ်။ ကြိုက်တဲ့လူတွေကလည်း ဒူးရင်းသီးဆို စျေးဘယ်လောက်ကြီးကြီး ဝယ်စားကြပြီး၊ မကြိုက်တဲ့လူတွေကလည်း ဒူးရင်းသီးဆို အနံ့တောင်မခံနိုင်တဲ့ အထိမကြိုက်ကြတာပါ။ အဲ့တာကြောင့် ကျနော်က ဒူးရင်းသီးကို စားသင့်၊ မစားသင့် အချက် ၅ ချက်နဲ့ ပြောပြပေးသွားမှာပါ။

https://s9.kh1.co/__image/w=650,h=365,q=100/eb/eb8ab6b29ec5703ec1026d71aa95502f8d6fe5f7.png

၁။  ဒူးရင်းသီးမှာ အာဟာရတွေ ကြွယ်ဝစွာပါပါတယ်

ဒူးရင်းသီးမှာ သဘာဝအတိုင်း ပိုတက်စီယမ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင် C နှင့် ဗီတာမင် B complex တို့ ကြွယ်ဝစွာပါရှိပါတယ်။ ဒါကြေ့ာင့် ဒူးရင်းသီးဟာ ကြွက်သားများ သန်မာစေကာ သွေးပေါင်ချိန် ကောင်းစေပါတယ်။ အစာချေဖျက်မှုကို ကောင်းစေကာ၊ အာရုံကြောနှင့် ကိုယ်ခံအားစနစ်ကိုလည်း ထောက်ပံ့ပေးပြီး သွေးနီဥဆဲလ်များ ဖွဲ့စည်းမှုကို အားကောင်းစေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/53/53b42075de001c93b8338cab97b6ce29d9d7d305.webp

၂။  ဒူးရင်းသီးက ဝစေတယ်

ပျမ်းမျှအားဖြင့် ဒူးရင်းအရွယ်အစား 1 ကီလိုဂရမ်မှာ ကယ်လိုရီ 1350 နီးပါးပါရှိတာကြောင့် ဒူးရင်းသီးတစ်လုံးစားသုံးခြင်းက ပျမ်းမျှအရွယ်ရောက်ပြီးသူအတွက် အကြံပြုထားသည့် တစ်နေ့တာ ကယ်လိုရီ 2000 ရဲ့ 68 ရာခိုင်နှုန်းအထိ စားသုံးပြီးသားဖြစ်စေပါတယ်။ ဒါကြောင့် ဒူးရင်းသီး အများအပြားစားခြင်းက ဝလာစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/e8/e841a897cc71e0e15ae192a96ec89c7ca79134fc.jpg

၃။ ဆီးချိုရှိသူတွေ ဒူးရင်းသီးလျှော့စားသင့်တယ်

 ဒူးရင်းသီးဟာ သကြားဓာတ်ပါဝင်မှုများပြားတဲ့ အသီးအနှံ တမျိုးဖြစ်ပါတယ်။  ဒါကြောင့် ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ဒူးရင်းသီးမစားသင့်ပါဘူး။ စားမယ်ဆိုရင်တောင် အနဲငယ်သာစားဖို့ အကြံပြုချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/fd/fda10470f6b4c70d87be2dffd7972198616a52f7.jpg

၄။ ဒူးရင်းသီးက ကိုယ်ခံအားကောင်းစေပြီး စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်

ဒူးရင်းသီးမှာ ကစီဓာတ်ပါဝင်မှု မြင့်မားတာကြောင့် စွမ်းအင်ဆုံးရှုံးတာကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ပါတယ်။ အသီးမှာပါဝင်တဲ့ ဗီတာမင် C က အန္တရာယ်ရှိတဲ့ free radicals တွေကို ကာကွယ်ပေးပြီး ရောဂါပိုးမွှားတွေနဲ့ ဗိုင်းရပ်စ်တွေကို တိုက်ခိုက်ဖို့ ကိုယ်ခံအားကို ထောက်ပံ့ပေးပါတယ်။  ပြီးဝောာ့ ဒူးရင်းသီးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မားတာကြောင့် ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးစေပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း သက်သာစေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/da/daee6b49c1308b1616f735450b315da0812608f0.jpg

၅။ ဒူးရင်းသီးက အပူတက်စေတယ်

တရုတ်တိုင်းရင်းဆေးပညာ ရှုထောင့်မှကြည့်လျှင် ဒူးရင်းသီးကို အပူခံအစားအစာအဖြစ် သတ်မှတ်ထားပါတယ်။ ဒူးရင်းသီးဟာ ပူနွေးတဲ့ဂုဏ်သတ္တိရှိပြီး အလွန်အကျွံစားခြင်းက လည်ချောင်းနာခြင်း၊ ခံတွင်းအနာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊  သလိပ်ထွက်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=491,q=100/5e/5edff7efb0016a3e3481ada4534684387edad325.webp

နောက်ဆုံးအနေနဲ့ကတော့ ဒူးရင်းသီးက အိပ်ပျော်စေပြီး၊ ကိုယ်ခံအား ကောင်းစေကာ ရောဂါတွေကို ကာကွယ်ပေး နိုင်တာကြောင့် အခုလိုရာသီမှာ စားသင့်တဲ့အစားအစာဖြစ်ပါတယ်။ နောက်ပြီး ဒူးရင်းသီးဟာ အာဟာရပြည့်ဝတဲ့ အသီးအနှံဖြစ်ပြီး မျှတစွာစားပါက ခန္ဓာကိုယ်အတွက် သတ္တုဓာတ် နဲ့ ဗီတာမင် များစွာကိုပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒူးရင်းသီးစားတဲ့လူအများစုက တထိုင်တည်း အလွန်အကျွံစားတဲ့အခါမှာ ကျန်းမာရေးအရ ဆိုးကျိုးအနည်းငယ်ရှိနိုင်တာကြောင့် ချင့်ချိန်စားသောက်သင့်ပါတယ်။ သူ့ရဲ့ အနံ့ကြောင့် မစားချင်တဲ့လူတွေ အနေနဲ့ကလည်း ကျန်းမာရေး ကြောင့်ပဲ အနည်းငယ်တော့ မြည်းစမ်းကြည့်သင့်ပါတယ်။ 

Photo-credit

သတင်း အရင်းအမြစ် internet

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T