လသွေးရောင်ကြတ်မှုကို အာကာသထဲကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံများ

//s9.kh1.co/e4/e40c9bef633fa86e1e60b3c15a207ebeb88850c4.jpg
MPT

 ၂၀-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

လသွေးရောင်ကြတ်မှုကို အာကာသထဲကနေ ရိုက်ကူးထားတဲ့ဓာတ်ပုံများ

မေလ ၁၅ ရက်နေ့ကဖြစ်ခဲ့တဲ့ သွေးရောင်လွှမ်းလကြတ်မှုကို မြန်မာနိုင်ငံကမမြင်ခဲ့ရပေမဲ့ ကမ္ဘာ့အနှံ့အပြားကနေ လှပစွာတွေ့ခဲ့ကြပါတယ်။လူကိုယ်တိုင်မတွေ့ရပေမဲ့ အင်တာနက်ပေါ်မှာတွေ့ခဲ့ရတဲ့ဓာတ်ပုံတွေထဲမှာ ဘယ်လောက်ထိလှပခဲ့လဲဆိုတာ အတိုင်းသားတွေ့ကြရမှာပါ။လကြတ်ခဲ့ပြီးနှစ်ရက်အကြာမှာတော့ ကမ္ဘာမြေပေါ်ကပုံရိပ်တွေတင်မကပဲ အာကာသထဲကလှမ်းမြင်ရတဲ့ပုံရိပ်တွေကိုပါတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c2/c241fd79eab9726a1c441b16eb7afe9299fa6317.png

ဒီပုံတွေကို ဥရောပအာကာသအေဂျင်စီက အာကာသယာဥ်မှူး Samantha Cristoforetti ကသူမရဲ့တွစ်တာအကောင့်ကနေတဆင့် မျှဝေပေးခဲ့တာဖြစ်ပါတယ်။သူရိုက်ခဲ့တဲ့ပုံတွေဟာ နိုင်ငံတကာအာကာသစခန်းကနေလှမ်းရိုက်ကူးထားတဲ့ပုံတွေပါ။စုစုပေါင်းသုံးပုံရှိပြီး သုံးပုံလုံးဟာမတူညီတဲ့ နေရာတွေကနေရိုက်ယူထားတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/88/88b6945acad204a6d7c87576e7fa86c96c914222.png

လကြတ်တာကိုကမ္ဘာပေါ်ကနေတော့ သွေးရောင်လွှမ်းနေသလိုမျိုး အနီရောင်နဲ့မြင်ခဲ့ရပေမဲ့ အာကာသထဲမှာတော့ လကြီးဟာမနီနေပဲ အမှောင်ထုထဲမှာ နည်းနည်းကျောချမ်းစရာပုံစံကြီးနဲ့ရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/b1/b134ad5a0ac61ae680b24791e8f1e4acf505ad12.png

သွေးရောင်လွှမ်းခဲ့တဲ့လကြတ်မှုကို မေလ ၁၅ ရက်နေ့ကကမ္ဘာ့အနှံ့အပြားမှာတွေ့ခဲ့ရတာပါ။ပုံမှန်လကြတ်တာတွေလိုမဟုတ်ပဲ ဘာလို့ဒီတစ်ခေါက်မှာလကြီးကနီနေလဲဆိုရင် ကမ္ဘာ့လေထုထဲကိုဖြတ်သန်းသွားတဲ့ နေရောင်ခြည်က ကမ္ဘာကိုကျော်ပြီး လပေါ်မှာအနီရောင်အဖြစ်ရောင်ပြန်သွားဟပ်မှုကြောင့်ပါ။မြန်မာနိုင်ငံကဘာကြောင့်မမြင်ရလဲဆိုရင် လကြတ်ချိန်ဟာ အာရှတိုက်ဖက်မှာနေ့အချိန်ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T