မသေခင် လည်ပတ်သင့်တဲ့ ကမ္ဘာပေါ်ကအလှဆုံးနေရာများ

//s9.kh1.co/56/56fdfdeec986c3d63e53a61966f1c896732eb504.jpg
MPT

 ၁၉-မေ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

မသေခင် လည်ပတ်သင့်တဲ့ ကမ္ဘာပေါ်ကအလှဆုံးနေရာများ

ကျနော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ ဆန်းကျယ်အံ့သြစရာတွေနဲ့ ပြည့်နေတယ်ဆိုတာ သိပြီးဖြစ်မှာပါ။ တောအုပ်တွေ၊ တောင်တန်းတွေ ကနေ ပင်လယ်သမုဒ္ဒရာတွေအထိ အံသြစရာတွေကမကုန်နိုင်ပါဘူး။ ဒီအတိုင်းပဲ လည်ပတ်စရာတွေကလည်းမကုန်နိုင်ပါဘူး။ ဒီတခါမှာစာဖတ်သူတို့ အနေနဲ့မသေခင်လည်ကိုလည်ပတ်သင့်တဲ့ နေရာ ၄ နေရာအကြောင်းကို ပြောပြပေးသွားမှာပါ။

https://s9.kh1.co/__image/w=650,h=359,q=100/7d/7da3cfe2384aa969b398ac58d2f097a3591e5d7a.jpg

ပထမဆုံးနေရာကတော့ တရုတ်နိုင်ငံရဲ့နာမည်ကျော် မဟာတံတိုင်းကြီးပဲဖြစ်ပါတယ်။ မဟာတံတိုင်းကြီးကိုရောက်ရင်မဖြစ်မနေ လုပ်သင့်တာကတော့ တံတိုင်းကြီးပေါ်မှာလမ်းလျှောက် တာပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းကြီးဟာ ကီလိုမီတာ ၂၁ဝဝဝ ရှည်လျားတာကြောင့် အစအဆုံးကိုတော့ လမ်းလျှောက်ချင်မှာမဟုတ်ပါဘူး။ လမ်းလျှောက်ဖို့ တံတိုင်းရဲ့ အလှဆုံးအပိုင်းကတော့ Jinshanling မှ Simatai အထိဖြစ်ပါတယ်။ လမ်းလျှောက်တာကတော့ ၃နာရီကနေ ၄ နာရီလောက်ကြာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/35/35dc8c5e8d51eff307042d30f92f668555de8c23.jpg

ဒုတိယနေရာကတော့ ဂရိနိုင်ငံ ဆန်တိုရီနီကျွန်းပဲဖြစ်ပါတယ်။ မီးတောင်ကျွန်းဖြစ်တဲ့ Santorini ကျွန်းဟာ ၎င်းရဲ့ လှပတဲ့နေဝင်ချိန် နဲ့ ကမ်းခြေရှိ ရောင်စုံ ကျောက်စရစ်ခဲများကြောင့် လူသိများပါတယ်။ ချောက်ကမ်းပါးများတစ်လျှောက် ရိုးရာဗိသုကာလက်ရာများ၊ ရှေးဟောင်းအပျက်အစီးများနှင့် ဝိုင်စက်ရုံမျာစွာရှိတဲ့ Santorini ကျွန်းပေါ်မှာ ရွာများစွာလည်းရှိပါတယ်။ ကျွန်းရဲ့အလှဆုံးနေဝင်ချိန်ကိုခံစားနိုင်ပြီး လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ မေလကနေ အောက်တိုဘာလအတွင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/76/76dc7e4810690f0730e9ccf3474c072824885f3c.jpg

နောက်ထပ်နေရာတခုကတော့ နော်‌ဝေနိုင်ငံမှာရှိတဲ့ Pulpit ကျောက်ဆောင်ဖြစ်ပါတယ်။ Pulpit ကျောက်ဆောင်ကိုရောက်ဖို့ 6 ကီလိုမီတာလောက်ရှိတဲ့ တောင်တက်ခရီး ရှိပြီး တောင်ထိပ်သို့ ရောက်တာနဲ့ လှပတဲ့ နေထွက်ချိန်ကို ကြည့်ရှုခံစားနိုင်ဖို့ ညဘက်ထဲက တောင်တက်ခရီးကို စတင်ရတဲ့ အတွေ့အကြုံအသစ်တခုကိုလည်းခံစားနိုင်မှာဖြစ်ပါတယ်။ သွားလာဖို့အကောင်းဆုံးအချိန်ကတေ့ ပူပြင်းတဲ့ မေလမှ အောက်တိုဘာလအတွင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/e9/e995e2641a86652cca06781e1d5f44a904d20963.jpg

နောက်ထပ်နေရာတခုကတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Grand Canyon ပဲဖြစ်ပါတယ်။ မိုင် 200 ကျော် ရှည်လျားတဲ့ Grand Canyon ကို ကော်လိုရာဒိုမြစ်နဲ့ နှစ်ထောင်ပေါင်းများစွာပုံဖော် လာခဲ့ပြီး ကမ္ဘာ့ကြီးကျယ်ခမ်းနားဆုံး ဘူမိဗေဒဆိုင်ရာ အံ့ဖွယ်များထဲက တစ်ခုဖြစ်ပါတယ်။ အချိန်ယူပြီး ကြီးမားတဲ့ ချောက်နက်ကြီးများရဲ့ရှုခင်းများ၊ ကျောက်ဆောင်များကိုလည်း ကြည့်ရှုနိုင်ပါသေးတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T