၂၀၀၇ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာစတင်ပွဲထွက်ခဲ့တဲ့ Girls’ Generation အဖွဲ့ဟာလာမဲ့ ဩဂုတ်လကျရင် ပွဲဦးထွက်တာာ ၁၅ နှစ်ပြည့်ပါပြီ။၁၅ နှစ်တောက်လျှောက် သီချင်းအယ်လ်ဘမ်တွေအများကြီးနဲ့ ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားခဲ့တဲ့ Girls’ Generation အဖွဲ့ဟာနောက်ပိုင်းမှာတော့ အဖွဲ့ဝင်တစ်ယောက်ချင်းစီက မတူညီတဲ့ Music Production အောက်တွေကိုရောက်ကုန်ပြီး အဖွဲ့ဝင်တွေဟာ တကွဲတပြားစီဖြစ်သွားပေမဲ့ Disband တော့မဖြစ်သွားပဲ အဖွဲ့ဝင် ၈ ယောက်နဲ့ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ဒါပေမဲ့ အနုပညာအလုပ်တွေထက် Social Activities တွေကိုလုပ်နေတာပိုများပါတယ်။
အခုတော့သူတို့ဟာ ၁၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ အယ်လ်ဘမ်တစ်ခုကိုထပ်ထုတ်ပေးတော့မှာပါ။လွန်ခဲ့တဲ့ငါးနှစ်ကထုတ်ခဲ့တဲ့ Holiday Night အယ်လ်ဘမ်ပြီးရင် ခုလာမဲ့အယ်လ်ဘမ်ကပထမဆုံးဖြစ်တာကြောင့် ပရိသတ်တွေအတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့အယ်လ်ဘမ်ဖြစ်လာမှာပါ။ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက သူတို့အဖွဲ့ Comeback ပြန်လာမယ်လို့သတင်းထွက်ခဲ့ပေမဲ့ S.M Entertainment ဖက်ကမေလ ၁၇ ရက်နေ့ကမှအတည်ပြုပေးခဲ့တာပါ။ပရိသတ်တွေနဲ့တွေ့ဆုံမဲ့အစီအစဥ်တွေအပြင် Reality Show တွေပါပါဝင်ဦးမယ်လို့သိရပါတယ်။
ဒီ Comeback မှာလည်းအဖွဲ့ဝင် ၈ ယောက်လုံးအပြည့်အစုံနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။ဘယ်လိုပုံစံမျိုးဖြစ်မလဲ၊ထွက်မဲ့ရက်အတိအကျတွေ မသိရသေးပါဘူး။ဩဂုတ်လမှာမှထွက်မှာဖြစ်လို့ ကြားထဲမှာနှစ်လလောက်ခြားနေသေးတဲ့အတွက် အသေးစိတ်တွေကို ကြားထဲမှာချပြလောက်မယ်လို့တော့ ခန့်မှန်းရပါတယ်။ဒီသတင်းကြောင့် Girls’ Generation ရဲ့ SONEs တွေတော့အရမ်းပျော်နေလောက်ပါပြီ။