အပူရှပ်ခြင်း (Heat stroke) ဆိုတာ …..

//s9.kh1.co/ac/acd4505ce5c8cd68c0773c2f91be68548de994dc.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၈-မေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

အပူရှပ်ခြင်း (Heat stroke) ဆိုတာ …..

Heat Stroke ဆိုတာ အပူချိန်အပြင်းအထန် ခံစားရပြီး မြန်မာလိုတော့ အပူရှပ်ခြင်းလို့ သုံးကြတယ်။ အမှန်တကယ်ကတော့ အပူချိန်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ထိခိုက်ပြီးတော့ ကယောင်ကတမ်းဖြစ်တဲ့ အခြေအနေမျိုးဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/d0/d0980beae6e2f1cdce628fb64556330ab5e1b8fa.jpg

ပူရှပ်ပြီဆိုတာနဲ့ အဲဒီလူရဲ့ ခန္တာကိုယ် အပူချိန်က ၁၀၃ ဒီဂရီဖာရင်ဟိုက် ထက်မြင့်မားနေပြီး နှလုံးခုန်နှုန်း မြန်နေမယ်၊ သတိလစ်နေမယ် ဒါမှမဟုတ် ကြောင်တောင်တောင်ဖြစ်နေမယ်၊  ချွေးမထွက်တော့ဘဲ ခြောက်သွေ့နေမယ်၊ အရေပြားတွေက နီရဲခြောက်သွေ့ပြီး ပူနေမယ် အဲဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် အပူဒဏ်ကြောင့် အပူရှပ်တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=377,q=100/11/1111546a6e772fbf2f045645b4f7d5ecd0b27f09.jpg

အပူရှပ်ပြီဆိုရင် ပူတဲ့နေရာက ရှောင်ကြဉ်ပြီး အေးမြတဲ့ နေရာတစ်ခုမှာ အနားယူသင့်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူး ဆိုရင်တော့ အနီးအနားက အေးမြတဲ့ သစ်ပင်ရိပ်အောက်မှာ သွားနေသင့်ပါတယ်။ ပြီးရင်တော့ ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးသောက်သင်ပါတယ်။ Energy Drink တွေဖြစ်တဲ့ Shark၊ ကျွဲရိုင်းတွေ လူကိုလန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး။

https://s9.kh1.co/__image/w=650,h=450,q=100/3d/3dc0c0365b51301a811004050719f19e4aace208.jpg

အပူလျှပ်ခြင်း ဖြစ်သွားရင်တော့ ဆေးရုံမှာ ကုသပေမယ့်လည်း ၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။ ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။ ကာကွယ်တာလည်း မခက်ဘူး ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။

https://s9.kh1.co/__image/w=650,h=315,q=100/76/768761369dea114fd0ba5c9be43a17497fd53bcf.jpg

သွေးတိုးသမားတွေကတော့ ရေပဲ အဓိကထား သောက်သင့်ပါတယ်။ အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။ အရမ်းလည်း အပင်ပန်းမခံဖို့ လိုပါသေးတယ်။ ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Photo Credit : Google

Source : rush.edu

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T