ဘာကြောင့် ကြောင်လေးတွေက အော်လေ့ ရှိတာလဲ

//s9.kh1.co/d9/d97c5c5e8702c0aedc8fc626d4542820802e2cff.jpg
MPT

 ၁၉-ပြီ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဘာကြောင့် ကြောင်လေးတွေက အော်လေ့ ရှိတာလဲ

ရင်ပိုင်းနှင့် ၀မ်းဗိုက်ကြားမှာရှိတဲ့ ကြွက်သားအလွှာတွေ ရုတ်တရက် ကျုံ့ဝင်လှုပ်ရှားမှုကြောင့် ဆွဲလိုက်၊ ဆန့်လိုက်ဖြစ်တဲ့ အကြောတွေအတွင်း လေလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြည်သံဟာ ကြောင်လေးတွေ အချင်းချင်း ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/81/81e066525d3f1f8c72a2f365f9e545d84b10fd38.jpg

အဲ့ဒီ အော်မြည်သံလေးဟာ တိုးညှင်းပြီး အဆက်မပြတ်ဖြစ်ပေါ်တဲ့ ညည်းညူသံမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအသံမျိုးထွက်ပေါ်စေတဲ့ တုန်ခါနှုန်းဟာ ပုံမှန် အသံကြိုးတုန်ခါခြင်းကြောင့် ထွက်ပေါ်တဲ့ အော်မြည်သံထက် တုန်ခါနှုန်း ပိုမိုလျော့နည်းတဲ့ အတွက် ကြောင်တစ်ကောင်ရဲ့ ပုံမှန်အသံနဲ့ လုံးဝ မတူပါဘူးအမှန်စင်စစ် မိခင်ကြောင်မကြီးက သူ့ကလေးကို နို့တိုက်ချင်လို့ အော်တဲ့အခါ အဲ့လို အော်မြည်သံမျိုး ကြားလေ့ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=406,q=100/8f/8f9212b23b2a20d9c9dc354acbc8767b7eb469c6.jpg

မွေးကင်းစ ကြောင်ပေါက်စကလေးတွေက မျက်စိ မမြင်ရသေးသလို အသံလည်း မကြားရသေးတဲ့အပြင် အနံ့လည်း မခံတတ်ကြသေးပါဘူး။ဒ့ါကြောင့် မိခင်ကြောင်မကြီးရဲ့ အော်သံကြောင့် ဖြစ်ပေါ်လာတဲ့ အသံလှိုင်းတုန်ခါမှုကိုတော့ ခံစား သိရှိနိုင်ကြပါတယ်။ ဒ့ါကြောင့် မိခင်ကြောင်မကြီးဆီကို နို့လာစို့ကြပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/df/df8f0045db35511d943b9c8381a9870fd0d08685.jpg

ကြောင်လေးတွေ နို့စို့တဲ့အခါမှာ မိခင်ကြောင်မကြီးက အော်တာကို ရပ်လိုက်ပါတယ်။ လူတွေနဲ့ ယဉ်ပါးနေတဲ့ ကြောင်လေးတွေကို ပွတ်သပ်ပေးတဲ့အခါမှာလည်း အဲ့ဒီလို အော်မြည်သံ ကြားရလေ့ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=427,q=100/f5/f5f3b2f8ee463661443e68056772bb23475ba131.webp

နာခံတတ်တဲ့ အမူအရာလေးတွေ ပြတတ်တဲ့ ခွေးလေးတွေလိုပဲ ကြောင်လေးတွေရဲ့ တိုးတိုးညင်းညင်း မြည်သံလေးတွေဟာ လူသားတွေ (ဒါမှမဟုတ်) အခြား ကြောင်လေးတွေကို သူတို့ ပျော်ရွှင်စိတ်ကြည်နူးကြောင်း အချက်ပြခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/b4/b441f89d89aae14e3fcfeddeb5a1a2471e1d7846.webp

ဒါ့ကြောင့် မြည်သံပေးတတ်တဲ့ ကြောင်လေးတွေကို ခြောက်လှန့်ပြီး ရင်းနှီးအောင် လုပ်ဖို့ မလိုအပ်ဘူးလို့ အကြံပေးချင်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ အပြင်းအထန် နေမကောင်းဖြစ်နေတဲ့ ကြောင်လေးတွေ (ဒါမှမဟုတ်) ပျော်ရွှင်ပုံမရတဲ့ ကြောင်လေးတွေက သူတို့ကိုယ်သူတို့ စိတ်သက်သာရာရဖို့ တစ်ခါတစ်ရံမှာ လူတွေ သီချင်းဆိုသလို တိုးတိုးညင်သာစွာ ညည်းသံပြုလေ့ ရှိကြတယ် ဆိုတာပဲ ဖြစ်ပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T