ဝနေတဲ့သူတိုင်း ဝိတ်ကျချင်တဲ့ သူချည်းပါပဲ။ ဒါပေမယ့် ဝိတ်ကျဖို့အတွက်ဆိုရင်
လေ့ကျင့်ခန်းလုပ်တာရယ်၊ အစားလျှော့တာရယ် နည်းလမ်းက
၂ နည်းပဲရှိပါတယ်။ ဒီ ၂ နည်းမှာမှ တော်တော်များများက ပင်ပန်းတဲ့ လေ့ကျင့်ခန်းထက် အစားနဲ့
ဝိတ်ကျတာကို ရွေးကြပါတယ်။ ပိန်ချင်လို့ မစားဘူးလို့
တင်ခံထားလည်း အရမ်းကြိုက်တဲ့ အစားအစာတွေရှေ့ရောက်ရင် တောင့်ခံဖို့ဆိုတာ မလွယ်လှပါဘူး။
ဘာမှ မစားရလေ ပိုစားချင်လေမလား။ ဒီတော့ အစားလေးလည်းကြိုက်သလိုစားရ ဝိတ်လေးလည်း လျှော့လို့ရမယ့်
နည်းရှိတယ်ဆို စိတ်ဝင်စားကြမလား။

ဒီနည်းလမ်းကတော့ Fasting (အစာဖျက်ခြင်း) ပါပဲ.. Fasting ကို ကိုယ်အလေးချိန်လျှော့ဖို့၊ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များ ကောင်းမွန်စေဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပြီး အသက်ရှည်နိုင်တဲ့အထိ ကောင်းကျိုး ပေးနိုင်လိမ့်မယ်လို့ ယူဆလာကြပါတယ်။ တစ်ချို့တွေလဲ ဒီနည်းလမ်းကိုသိပြီး ကျင့်သုံးနေတဲ့ သူတွေရှိသလို မသိသေးတဲ့ သူလေးတွေအတွက်လဲ အခု ဝိတ်သိသိသာသာကျစေတဲ့ Fasting လုပ်ခြင်းနည်းလမ်းကို ဝေမျှ ပေးလိုက်ပါတယ်နော်.....

Fasting အစာဖျက် လိုက်တော့ Body က energy ရဖို့အတွက် ကိုယ်တွင်းမှာအာဟာရတွေကို လိုက်ရှာပါတယ်။ အာဟာရကိုမတွေ့တော့ ကိုယ်တွင်းကအဆီတွေကို လိုက်စားပါတယ်။ အဆီတွေထဲမှာ အောင်းနေတဲ့ အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်းကျပြီး အဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။ Fasting အမျိုးအစားအများကြီးရှိတဲ့ထဲမှာမှ အသုံးအများဆုံးဖြစ်တဲ့ Intermittent fasting (16-8) အကြောင်းကို ပြောပြပေးပါမယ်။

Intermittent fasting ဆိုတာက တစ်နေ့မှာ ၈နာရီ ပဲ အစားစားရမှာပါ။ ကျန် ၁၆ နာရီက ရေကလွဲပြီး ဘာမှ မစားပဲ နေပေးရမှာ ဖြစ်ပါတယ်။ တချို့ကတော့ အိပ်တဲ့အချိန်ကို ၁၆နာရီ ထဲထည့်ပါတယ် ။ ဒီတော့ မနက် ၁၀မှာ စ စားမယ်ဆိုရင် ညနေ ၆ နာရီအထိ အစားစားပြီး ၆ နောက်ပိုင်းမှစပြီး နောက်တစ်ရက် မနက် ၁၀နာရီအထိ အစာလုံးဝ ဖြတ်ချထားရမှာပါ။ မနက်ဆို ၉နာရီ လောက်စားမယ်ဆို ညနေ၅နာရီအပြီး စားသောက် ထားရမှာပါ။ ဆိုလိုတာက ၈နာရီစား ၁၆နာရီဖြတ်ရင်ရပြီ။ ဘယ်အချိန်ကို ဖြစ်ဖြစ် ကိုယ်ကြိုက်သလို Adjust လုပ်လို့ရပါတယ်။

သိထားရမှာက ကြားထဲ၁၆နာရီမှာတော့ ဘာမှ စားလို့ မရပါဘူး။ ရေ၊ ရေနွေးကြမ်း၊ black coffee တို့ပဲ သောက်လို့ ရပါတယ်။ နွားနို့တို့ အသီးဖျော်ရည်တို့တောင်မရပါဘူး။ ပထမ၂-၃ ရက်မှာ မနက်ရောက်တာ နဲ့ ဗိုက်ဆာတတ်ပေမယ့် နောက်ပိုင်းတွေဆို အကျင့်ရသွားပြီး မဆာတော့ပါဘူး။
လူကြီးတွေက တစ်နေ့သုံးကြိမ်စားရမယ်၊ မစားရင် ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောကြပေမယ့် သုသေသနပြုထားချက်တွေအရ လူတွေကို တစ်နေ့ ၃ ကြိမ်စားရမယ်လို့ သတ်မှတ်ထားတာ မရှိပါဘူးတဲ့။ Intermittent fasting လုပ်ရင် အစပိုင်းမှာ ဗိုက်ပိုဆာတတ်ပေမယ့် အဲ့ဒီဆာလောင်မှုကို အလုပ်လုပ်ရင်းဖြစ်ဖြစ်၊ ရေသောက်ရင်းဖြစ်ဖြစ် ကျော်ဖြတ်လို့ရပါတယ်။ တဖြည်းဖြည်းနဲ့ အကျင့်ရသွားရင် ဗိုက်သိပ်မဆာတော့ပါဘူး။

Intermittent fasting ကဘာလို့ ဝိတ်ကျစေလဲဆိုတော့ နေ့စဉ် တစ်နေ့သုံးနပ်အပြင် ကြားထဲမှာ သရေစာတွေစားကြပါတယ်။ အခု အစားစားချိန်ကို ၈ နာရီပဲသတ်မှတ်လိုက်တဲ့အတွက် သရေစာ မစားဖြစ်တော့ပါဘူး။ တစ်နေ့ ၅-၆ ကြိမ်စားနေကျလူလဲ intermittent fasting မှာ တစ်နေ့ ၂-၃ ကြိမ်ပဲ စားဖြစ်တော့မှာပါ။ အဲ့တော့ အရင်လောက် calories မစားဖြစ်တော့တာတာကြောင့် ဝိတ်ကျစေပါတယ်။

သတိထားရမှာက intermittent fasting တစ်ခုတည်းလုပ်ရုံနဲ့ ဝိတ်မကျပါဘူး။ fasting လုပ်လဲ စားတဲ့ပမာဏက တစ်နေ့တာ calories ကိုကျော်နေရင် ဒါမှမဟုတ် ၈နာရီအတွင်းမှာ အရင်၂၄နာရီစာ အစားတွေ အကုန်စားမယ်ဆိုရင် ဝိတ်က ကျမှာ မဟုတ်ပါဘူးနော် ….
Source : The Bridge
Photo Credit : Google





