အသက်အရွယ် ကြီးရင့် အိုမင်းတာက လူတိုင်းကြုံတွေ့ရမယ့် အရာဖြစ်သလို တားဆီး ရှောင်လွှဲလို့ မရတဲ့ အရာပါ။ ဒါပေမယ့် သင့်တော်မှန်ကန်တဲ့ အစားအစာကို ရွေးချယ်စားသုံးမယ်ဆိုရင်တော့ လှပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေနိုင်ပြီး
ရှိရင်းစွဲ အသက်ထက် ပိုပြီး အရွယ်တင်နုပျိုစေပါတယ်။ တချို့သော အစားအအစာ တွေကတော့ ကိုယ့်ရဲ့ မျက်နှာကို တင်းတင်းရင်းရင်းနဲ့ နုပျိုလှပေစပြီး အရေးအကြောင်းတွေ အလွယ်တကူ ဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရွယ်တင်နုပျိုလှပလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ပြောပြပေးချင်ပါတယ်။ ကိုယ်နေ့စဉ်စားနေတဲ့ အစားအစာတွေနဲ့ ကိုက်ညီရဲ့လားဆိုတာကို တိုက်ကြည့်လိုက်ကြပါဦးနော် …..
ထောပတ်သီး

လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ ထောပတ်သီးက ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပေးစွမ်းနိုင်တဲ့အပြင် အရွယ်တင်နုပျိုစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ နေရောင်ခြည် ဒဏ်ကြောင့် အသားအရေ ပျက်စီးလာတာ၊ အသက်အရွယ်အရ အရေးအကြောင်းတွေ၊ အသားအရောင် မညီမညာဖြစ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကတော့ နှလုံးရောဂါ၊ ဆီးကြိတ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးပါတယ်။ အရေးအကြောင်းတွေကို လျော့နည်းသွားစေနိုင်ပြီး အရွယ်တင် နုပျိုလှပ စေနိုင်ပါတယ်။
ဒိန်ချဉ်

ဒိန်ချဉ်မှာ ပါ၀င်တဲ့ ကယ်လ်ဆီယမ်ဓာတ်က အရိုးပွရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဒိန်ချဉ်နဲ့ ပေါင်းတင်မယ်ဆိုရင်လဲ မျက်နှာပြင်ပေါ်က အရေးအကြောင်းတွေလျော့နည်းစေပါတယ်။
အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို အမြဲစားသုံးပေးမယ်ဆိုရင် အရွယ်တင်နုပျိုစေရုံသာမက အသားအရည်ကိုလည်း စိုပြေလှပစေပါတယ်။
ကော်ဖီ

ကော်ဖီက အသားအရေအတွက် ကောင်းမွန်စေတဲ့ အရာတွေထဲက တစ်ခုပါ။ သုသေတနတွေအရ တစ်နေ့ကို ကော်ဖီ ၄ ခွက်သောက်တဲ့သူက မသောက်တဲ့သူထက် ပိုပြီးနုပျိုစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ကော်ဖီ ၁ ခွက်လောက်တော့ သောက်သုံးသင့်ပါတယ်။
နေကြာစေ့

နေကြာစေ့က ဗီတာမင် E ရနိုင်တဲ့ အကောင်းဆုံးရင်းမြစ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ဓာတ်ပြယ်စေတဲ့ ဗီတာမင် E ဟာ အူမကြီး ကင်ဆာဖြစ်နိုင်ချေကို လျော့ချ ပေးနိုင်တဲ့အပြင် အရေပြားကိုတင်းရင်းစေပြီး နူးညံ့စေတာကြောင့် အိုမင်းခြင်းမှကာကွယ်ပေးနိုင်ပါတယ်။
အရွယ်တင်နုပျိုစေဖို အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ သုံးတာတင် မဟုတ်ဘဲ အစားအသောက်တွေ စားပြီးတော့လည်း အရွယ်တင်နုပျိုအောင်လုပ်လိုရပါတယ်။ အပေါ်မှာ ဖော်ပြပေးတဲ့ အစားအစာတွေကို ပုံမယ်လေး စားသုံးပေးမယ်ဆိုရင်တော့ သင်က အရွယ်တင် နုပျိုလှပနေမှာ အသေအချာပါပဲနော် ….
Source : Power of Positively
Photo Credit : Google.com