ကိုရီးယား မင်းသားမင်းသမီးတွေ ပြောပြတဲ့ အသားအရည်ထိန်းသိမ်းနည်းများ

//s9.kh1.co/ea/ea17945b5af0b22282e29a516c99050e10b8a96e.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၆-ပြီ-၂၀၂၂ ၈pm · လွန်ခဲ့သော ၃ နှစ် က

ကိုရီးယား မင်းသားမင်းသမီးတွေ ပြောပြတဲ့ အသားအရည်ထိန်းသိမ်းနည်းများ

ကိုရီးယား မင်းသားမင်းသမီးတွေ နာမည်ကြီးနေရတဲ့ အကြောင်းရင်းထဲမှာ ချောရုံ လှရုံသာမကဘဲ အသားအရည် အရမ်းလှတာလည်း ပါတယ်နော်။ ကိုရီးယားကထုတ်တဲ့ စကင်းကဲတွေကလည်း အခုခါမှာ အရမ်းနာမည်ကြီးလာတာပါ။ ဒါကြောင့် Hyun Bin တို့ အွန်စောတို့ အပါအဝင် မင်းသား မင်းသမီးအချို့ရဲ့ အသားအရည် ထိန်းသိမ်းတဲ့ နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

1. Bae Suzy

ဆူဇီ့ရဲ့ နည်းလမ်းလေးကတော့ 4-2-4 လို့ နာမည်ပေးထားပါတယ်။ ညအိပ်ရာမဝင်ခင် cleansing oil လေးနဲ့ မိတ်ကပ်ဖျက်ပါတယ်။ မိတ်ကပ်မပါဘဲ sunscreen ပဲ လိမ်းထားလည်း ဖျက်ရပါမယ်နော်။ ပြီးရင် မျက်နှာသစ်နဲ့ ၂ မိနစ်တိတိ ထားပါတယ်။ ၄ မိနစ် ရေဆေးရပါတယ်။ ဆေးတဲ့အခါ ၂ မိနစ်ကို ရေနွေးလေးနဲ့ ဆေးပြီး ၂မိနစ်ကို ရေအေးနဲ့ ပြန်ဆေးပါတယ်တဲ့။

2. Song Hye Kyo

https://s9.kh1.co/__image/w=650,h=752,q=100/a6/a67b61245cf2714cb3fcef1d75d9c4a6a4951660.jpg

မမအွန်စောပြောပြခဲ့တာက သူမရဲ့ မျက်နှာပေါင်းတင်နေကျ အိမ်တွင်းနည်းလမ်းလေးပါ။ နို့မှုန့်တစ်ဇွန်းရယ်၊ ပျားရည်အနည်းငယ်ရယ် ကြက်ဥရယ် ရောမွှေလိုက်ပါတယ်။ မျက်နှာအနှံ့လိမ်းပေးပြီး မိနစ် ၂၀ ကြာမှ ရေဆေးပါတယ်။ ပျားရည်က ဝက်ခြံမပေါက်အောင် ကာကွယ်ပေးပြီး ကြက်ဥအကာက အသားအရည် တင်းရင်းစေပါတယ်။

3. Son Ye-Jin

https://s9.kh1.co/__image/w=650,h=650,q=100/88/883371b152cc9a032464b2c14ead6eacf0c4828f.png

မကြာခင် လက်ထပ်တော့မယ့် သတို့သမီးလောင်းလေး ပြောပြတာကတော့ ရိုးရိုးလေးပါပဲ။ ကိုရီးယားမှာ အသားအရည် အရမ်းလှချင်ကြတော့ စကင်းကဲနဲ့ ပတ်သက်ရင် အလွန်အကျွံ သုံးကြပါတယ်။ နာမည်ကြီးတဲ့ အဆင့် ၁၀ ဆင့်ပါဝင်တဲ့ နည်းလမ်းအစား သူမကတော့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေပဲ လုပ်ပါတယ်တဲ့။

4. Kim Taehyun (V) 

https://s9.kh1.co/__image/w=518,h=920,q=100/ba/baad57cc342df2615afb48e9d90ff42c55f03e21.jpg

BTS ထဲက V လေးကတော့ လေယာဥ်စီးတဲ့အခါ အသားအရည် ခြောက်တတ်လို့ တိုနာလိမ်းပြီးရင် လိုးရှင်းကို ၂ ခါ လိမ်းဖြစ်တယ်လို့ ပြောပြပါတယ်။

5. Hyun Bin

https://s9.kh1.co/__image/w=650,h=542,q=100/28/28e1d65f9cad58929362fb6618a4f60b298e7361.jpg

ဗိုလ်ကြီး Hyun Bin ရဲ့ နည်းလမ်းက moisturizer ကိုပဲ အားကိုးပါတယ်တဲ့။ သူ့ရဲ့ အသားအရည်က နဂို ခြောက်သွေ့တာမို့ အစိုဓာတ်ကောင်းကောင်းပေးတဲ့ လိုးရှင်းလိမ်းပြီး sheet mask လေးတွေလည်း မကြာခဏ ကပ်ပါတယ်တဲ့။

6. Song Joong-Ki

https://s9.kh1.co/__image/w=518,h=920,q=100/9c/9c740b9e1340560f37be67fa314ff188b0230189.jpg

ဒီမင်းသားကတော့ ညတိုင်း မျက်နှာသစ်ရင် နွားနို့နဲ့ သစ်ပါတယ်တဲ့။ ဒီလိုလုပ်တဲ့ တခြားအနုပညာရှင်တွေလည်း ရှိတယ်လို့ သိရပါတယ်။

Ref : https://www.iwmbuzz.com/music/celebrities-music/korean-beauty-secrets-to-learn-from-these-celebrities-bae-suzy-to-hyun-bin/2022/02/19

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T