စကင်းကဲတွေ ဘယ်လောက်သုံးသုံး အသားအရည် မကောင်းလာဘူးဆိုရင် သတိထားသင့်တဲ့ အရာ ၅ ခု

//s9.kh1.co/bf/bf72256de6dbe413d56251d034adbfe9f8f83885.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၆-ပြီ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၃ နှစ် က

စကင်းကဲတွေ ဘယ်လောက်သုံးသုံး အသားအရည် မကောင်းလာဘူးဆိုရင် သတိထားသင့်တဲ့ အရာ ၅ ခု

ဝက်ခြံပေါက်ရခြင်း အကြောင်းတရားဟာ ဟော်မုန်းအပြောင်းအလဲ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ မျက်နှာလည်း တစ်နေ့တစ်ကြိမ် ပုံမှန်သစ်၊ စကင်းကဲတွေလည်း လိမ်းနေတဲ့ကြားထဲက အသားအရည် မကောင်းလာဘူး၊ အဖုတွေ ထွက်တယ်ဆိုရင်တော့ တစ်ခုခု လွဲနေတာ သေချာပါပြီ။

အားလုံးသိထားကြတဲ့ stress ဟာ အသားအရည်ကို ထိခိုက်စေတဲ့ နံပါတ် ၁ တရားခံပါပဲ။ ဒီနေရာမှာ ပြောချင်တဲ့ stress က စိတ်ဖိစီးမှုဆိုတာထက် အသားအရည်ကို stress ဖြစ်စေ၊ ပင်ပန်းညစ်နွမ်းစေတဲ့ အရာတွေပါ။ ဒါဆိုရင် သင့်အသားအရည်ကို stress လာပေးနေတဲ့ အရာတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်။

1. နေရောင်ခြည်နဲ့ ထိတွေ့ခြင်း

https://s9.kh1.co/__image/w=193,h=289,q=100/3c/3c6fd446595248f075b3ba5d2eaec7299136b08d.jpg

နေ့စဥ် မဖြစ်မနေ ထိတွေ့နေရတဲ့ နေရောင်ခြည်ဟာ အသားအရည်ကို ထိခိုက်စေတဲ့ အရာထဲမှာ ပါဝင်နေပါတယ်။ နေရောင်ခြည်က အရေပြားမှာရှိတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ၊ ဗိုက်တာမင်နဲ့ အာဟာရဓာတ်တွေကို ရေရှည်မှာ ပျက်စီးစေတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ sunscreen ပုံမှန် လိမ်းပေးဖို့ လိုအပ်သလို ရေဓာတ်ဖြည့် ခရင်မ်တွေလည်း ပုံမှန် သုံးသင့်ပါတယ်။

2. လေထု ညစ်ညမ်းမှု

https://s9.kh1.co/__image/w=650,h=325,q=100/46/466316e084453fe72321c8ed151513c5bb1ff4ce.webp

နေရောင်ခြည်လိုပဲ လုံးဝ ရှောင်လွှဲလို့မရ၊ နေ့စဥ်ထိတွေ့နေရတာက "လေထု"ပါ။ စက်မှုဖွံဖြိုးတိုးတက်မှုနဲ့အတူ ဓာတ်ငွေ့တွေကြောင့် လေထုက ညစ်ညမ်းနေပါတယ်။ ဒီလေထုထဲမှာရှိတဲ့ free radicals လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတွေဟာ အသားအရည်ကို ပျက်စီးစေပါတယ်။ ဒီအတွက် ညအိပ်ခါနီးတိုင်း အသားအရည်ကို သေချာ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

3. စကင်းကဲများ'

https://s9.kh1.co/__image/w=650,h=434,q=100/ff/ff27ce37ac159652ace1c4f4e3c2b345d2d2200b.webp

လှချင်လို့ စကင်းကဲတွေ ဝယ်လိမ်းကာမှ ပိုက်ဆံလည်း ကုန်၊ အသားအရည်လည်း ပိုထိခိုက်သွားတာမျိုး မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ တချို့လည်း ကိုယ်တိုင်ကြုံဖူးမှာပါ။ အဓိက သတိထားသင့်တဲ့ စကင်းကဲတွေကတော့ Face scrub တွေ၊ အမွှေးနံ့ပြင်းပြင်းထည့်ထားတဲ့ ပစ္စည်းတွေနဲ့ အယ်လ်ကိုဟော ပါဝင်မှုများတဲ့ ဖော်မြူလာတွေ ဖြစ်ပါတယ်။

4. ဓာတုပစ္စည်းများ

https://s9.kh1.co/__image/w=650,h=366,q=100/d9/d927043c69fa55699b2edab82e619cc5517a7087.jpg

ပေါ်သမျှ စကင်းကဲတွေ Review ကောင်းတိုင်း လိုက်ဝယ်နေမိတတ်လား? ဖော်မြူလာ တစ်ခုချင်းစီမှာ active ဖြစ်တဲ့ ဓာတုပစ္စည်းတွေ ထည့်ထားပါတယ်။ ဥပမာ Retinol တို့ Cica တို့ပါ။ အဲဒါက တန်ဆေး လွန်ဘေး ဆိုသလိုပဲ အသားအရည်ကို ပိုပါးစေ၊ sensitive ဖြစ်စေတတ်တာမို့ နည်းနည်းချင်းစီ စပြီး သုံးပေးရပါမယ်။ နောက် တစ်ခုနဲ့တစ်ခု မတည့်တာကို တွဲမသုံးမိဖို့လည်း အရေးကြီးပါတယ်။

5. စိတ်ဖိစီးမှု

https://s9.kh1.co/__image/w=650,h=488,q=100/7b/7ba3b97b681da8997d6c1dbb4eb5733df4cca039.jpg

အသားအရည် ပျက်စီးရခြင်းရဲ့ လက်သည်ကြီးကတော့ စိတ်ဖိစီးမှုပါပဲ။ ဦးနှောက်က စိတ်ပြေလျော့နေတဲ့အချိန်မှာ ထွက်တဲ့ Peptides ဓာတ်လေးတွေ မထုတ်ပေးတော့ပါဘူး။ အသားအရည်က လျော့ရဲမယ်၊ အရေးအကြောင်းဖြစ်မယ်၊ ခြောက်သွေ့မယ်၊ အဖုတွေလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပြီး စိတ်ချမ်းသာဖို့က အရေးပါပါတယ်။

ဒီ ၅ ချက်ထဲက ကိုယ် ဘာတွေ ပြုပြင်ဖို လိုအပ်သလဲဆိုတာ ဖတ်ကြည့်ပြီး အလှဆုံးဖြစ်အောင် နေလိုက်ပါတော့နော်။

Ref : These Are the Top 5 Things Stressing Out Your Skin—and the Expert-Recommended Solutions for All of Them

https://www.wellandgood.com/stressed-out-skin-paulas-choice/amp/

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T