ကမ္ဘာ့နာမည်ကြီး အနုပညာရှင် ၄ ယောက် ဖြစ်တဲ့ Hugh Jackman, Jennifer Aniston, Kourtney Kardashian နဲ့ Ellie Goulding တို့ဟာ ကိုယ်အလေးချိန်ထိန်းတဲ့ နေရာမှာ ကျော်ကြားပါတယ်။သူတို့အားလုံး သုံးတဲ့ နည်းလမ်းလေးကတော့ Intermittent Fasting နည်း ဖြစ်ပါတယ်။ ဒါဟာ အလှအပလိုက်စားသူတွေကြားမှာ ရေပန်းစားတဲ့ နည်းတစ်နည်းပါ။
Intermittent fasting (IF) ဆိုတာ သူ့နာမည်အတိုင်းပဲ အချိန်အပိုင်းအခြားတစ်ခုမှာ အစာမစားဘဲ Fasting လုပ်တဲ့နည်း ဖြစ်ပါတယ်။ တခြားအချိန်တွေမှာ ကယ်လိုရီနဲ့ သကြားဓာတ်များလွန်းတဲ့ အစားအသောက်တွေကလွဲရင် ပုံမှန်အတိုင်း စားလို့ရပါတယ်။

နာမည်အကြီးဆုံးကတော့ 16:8 နည်းလမ်းပါ။ တစ်နေ့ကို ၈ နာရီ အတွင်း (ဥပမာ - မနက် ၁၀ နာရီကနေ ညနေ ၆ နာရီ အတွင်း) ပဲ အစာစားပြီး ကျန်တဲ့ ၁၆ နာရီမှာ ဘာမှ မစားရပါဘူး။ အချိန်သတ်မှတ်ချက်ကတော့ ကိုယ်အဆင်ပြေတဲ့ အချိန်နဲ့ အချိုးချပြီး ရှေ့တိုး နောက်ဆုတ် လုပ်နိုင်ပါတယ်။
ဒီနည်းလမ်းက တကယ်ပဲ ဝိတ်ကျစေသလားဆိုတာကို သိချင်ရင် အောက်မှာ ဖော်ပြမယ့် အနုပညာရှင်တွေရဲ့ အလန်းစား body တွေကို တစ်ချက်ရှိုးလိုက်ပါ။
1. Ellie Goulding

Fifty shades of Gray ထဲက နာမည်ကြီး သီချင်း Love me like you do ကို ဆိုထားတဲ့ အင်္ဂလိပ်အဆိုတော် Ellie Goulding ဟာ IF နည်းနဲ့ ခန္ဓာကိုယ်ထိန်းသိမ်းလာတာ ကြာပါပြီ။ အခုဆို နာရီ ၄၀ အထိ fasting လုပ်နိုင်ပါတယ်တဲ့။
2. Kourtney Kardashian

Kardashians လို့ ကြားလိုက်တာနဲ့ မျက်လုံးထဲမှာ ခါးသွယ်သွယ် တင်ကားကား၊ tanned skin နဲ့ မိန်းမချော မိန်းမလှတွေကို ပြေးမြင်မိမယ် ထင်ပါတယ်။ ဒီလို လှနေ လန်းနေတာက genes တစ်ခုတည်းကြောင့်တော့ မဟုတ်ပါ။ ကလေး ၃ယောက်အမေဖြစ်တဲ့ Kourtney ဟာ ၂၀၂၀ ကစပြီး diet လုပ်ခဲ့ပါတယ်။ သူကတော့ ပြင်းပြင်းထန်ထန်ကြီး မဟုတ်ဘဲ ညဘက် ၇ နာရီနောက်ပိုင်း အစာမစားတာတို့၊ မနက်စာ မစားခင် လေ့ကျင့်ခန်းအရင်လုပ်တာတို့ စတာတွေ လုပ်ပါတယ်။ တစ်ပတ်မှာ တစ်ရက်တော့ အရည်ပဲ သောက်ပြီး fasting လုပ်တယ်လို့ ပြောပြထားပါတယ်။
3. Jennifer Aniston

Friends ပရိသတ်လေးတွေရှိလား။ ယူတို့ရဲ့ အချစ်ဆုံး Rachel Karen Green က ၅၀ ကျော်ထိ လှနေတုန်းနော်။ ဒီလိုလှရတဲ့ လျှို့ဝှက်ချက်က အစားအသောက်ကို ထိန်းသိမ်းပြီး Green juice များများသောက်ပေးတာ ဖြစ်ပါတယ်။ သူကတော့ 16:8 fasting လုပ်ပါတယ်တဲ့။
4. Hugh Jackman

အမျိုးသားတွေလည်း ခန္ဓာကိုယ်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ Wolverine ဟာ အစားအသောက်ကို ဂရုစိုက်တဲ့ လူတစ်ယောက်ပါ။ အထူးသဖြင့် action ကား တစ်ကား ရိုက်တော့မယ်ဆို ခန္ဓာကိုယ်တောင့်တင်းပြီး အဆီမရှိအောင် IF နည်းကို အားကိုးတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။ သူကတော့ ဒီနည်းကြောင့် ပိုလည်း အိပ်ပျော်တယ်လို့ ပြောခဲ့ပါတယ်။
ဒီနည်းလမ်းလေးဟာ ဝိတ်ကျစေရုံသာမကဘဲ ကျန်းမာရေးကို ကောင်းမွန်စေပြီးတော့ အလုပ်ရှုပ်လည်း သက်သာစေတဲ့ နည်းလမ်းကောင်းလေးတစ်ရပ်ပါပဲ။
Ref : Intermittent Fasting Diet Trend: Celebrity Success Stories
https://www.usmagazine.com/celebrity-body/pictures/intermittent-fasting-diet-trend-celebrity-success-stories/amp/#amp_tf=From%20%251%24s&aoh=16464649724580&referrer=https%3A%2F%2Fwww.google.com