မတ်လ ကုန် နဲ့ ဧပြီလဆန်းပိုင်းမှာ ထူးခြားတဲ့ ဖြစ်စဥ်များ ကမ္ဘာအဝှမ်းမှာ ကြုံ​တွေ့လာနိုင်

//s9.kh1.co/16/16e826ae04b6e025bfb0657d65ecc8899d8eb4fb.jpg
MPT

 ၁၀-ပြီ-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

မတ်လ ကုန် နဲ့ ဧပြီလဆန်းပိုင်းမှာ ထူးခြားတဲ့ ဖြစ်စဥ်များ ကမ္ဘာအဝှမ်းမှာ ကြုံ​တွေ့လာနိုင်

၂၀၂၀ ခုနှစ် မတ်လလယ်မှ ဧပြီလအစောပိုင်းအထိ မြင်နိုင်သောဂြိုဟ်နက္ခက်တွေ ​ကောင်းကင်ယံမှာ စီးချင်းထိုးကြ​တော့မှာဖြစ်ပါတယ်။ နေမထွက်မီ အရှေ့ဘက်မှာ သောကြာဂြိုဟ်ဟာ တောက်လောင်နေခြင်း၊ နေမထွက်မီ အရှေ့ဘက်၌လည်း အင်္ဂါဂြိုဟ်နှင့် စေတန်၊ ဂျူပီတာဂြိုဟ်ဟာ မတ်လနှောင်းပိုင်း သို့မဟုတ် ဧပြီလအစောပိုင်းမှာ နေမထွက်မီ အရှေ့ဘက်မှာ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ မာကျူရီဟာ မြောက်ကမ္ဘာခြမ်းအတွက် အကောင်းဆုံးညနေခင်းဖြစ်တဲ့အတွက် ဧပြီလလယ်မှာ ညနေကောင်းကင်သို့ ပြန်လည် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=274,h=206,q=100/07/079199dde09732514c7759c79cffccfa38b98d6a.jpg

၂၀၂၂ ခုနှစ်အတွင်း မတ်လလယ်မှ ဧပြီလအစောပိုင်းအထိ အနက်ပိုင်းမြင်နိုင်တဲ့ဂြိုဟ်များ

ဗုဒ္ဓဟူးဂြိုဟ် (မာကျူရီ)

၂၀၂၂ ခုနှစ် မတ်လအစောပိုင်းမှာ နေမထွက်မီ မာကျူရီရဲ့ ကြီးမားသော အသွင်အပြင်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လလယ်ခန့်လောက်မှာ မာကျူရီဟာ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းနှင့် အလွန်နီးကပ်လွန်းသဖြင့် ကမ္ဘာရဲ့ မည်သည့်နေရာကနေ အလွယ်တကူမြင်နိုင်မှာ မဟုတ်ပါဘူး ။ ယင်းဂြိုဟ်ဟာ ဧပြီလ ၂ ရက်နေ့မှာ ကမ္ဘာအနီးကနေ နေရဲ့ နောက်ဘက်သို့ တိုက်ရိုက်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ နေဝင်ပြီးနောက်ပိုင်းမှာတော့ အနောက်ဘက်ကောင်းကင်မှာ ပြန်လည်ထွက်ပေါ်လာမှာဖြစ်လို့ ယခုနှစ်မှာ အကောင်းဆုံး မာကျူရီရဲ့ အသွင်အပြင်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/c3/c38c53f9c26b21dd2f2c01932b4cdc7f8fe3e70d.jpg
https://s9.kh1.co/__image/w=650,h=650,q=100/af/afb0b5c4f04f4d508516c6ea6adc816ee65bd90e.jpg

သောကြာဂြိုဟ် (ဗီးနပ်စ်)

အလွန်တောက်ပနေတဲ့ သောကြာဂြိုဟ်ဟာ နေထွက်ရာလမ်းကြောင်းကနေ နေမထွက်မီ ဖြတ်သန်းသွားသောလမှလွဲပြီး ကောင်းကင်မှာ အတောက်ပဆုံးအရာဖြစ်ရှိနေမှာ ဖြစ်ပါတယ်။ ဇန်န၀ါရီလမှာ ကမ္ဘာ နှင့် နေတို့ကြားကနေ ဖြတ်သန်းသွားသောအချိန်မှစပြီး ဗီးနပ်စ်ဟာ ကကောင်းကင်ယံရဲ့ အမိုးခုံးပေါ်ရှိ နေမှ ဝေးကွာသွားမှာ ဖြစ်ပါတယ်။ဒါကြောင့် နေ့စဉ် နေမထွက်မီ ကောင်းကင်မှာ မြင့်မားစွာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ မတ်လ ၂၀ ရက်နေ့မှာတော့ ဗီးနပ်စ်သာ နေမှ အဝေးဆုံးထောင့်အကွာအဝေး (အရှည်ဆုံး) သို့ရောက်ရှိမှာ ဖြစ်ပြီး ယင်းနောက် နောက်ခုနစ်လအတွင်း နံနက်တိုင်း မိုးကုပ်စက်ဝိုင်းအနီးသို့ တဖြည်းဖြည်းနီးကပ်လာမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/29/29680d7d181c00c1240acb7d05723f55d9a87adb.webp
https://s9.kh1.co/__image/w=650,h=650,q=100/23/2330fd859f5dcd340c705eb4e016f481ceb062de.jpg

အင်္ဂါဂြိုဟ် (မားစ်)

အင်္ဂါဂြိုဟ်ဟာ ဗီးနပ်စ်ကဲ့သို့ ကောင်းကင်ရဲ့ တူညီတဲ့ အနေအထားကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီးနပ်စ်လောက် မတောက်ပတဲ့အတွက် အင်္ဂါဂြိုဟ်ကို လျစ်လျူရှုနိုင်ပါတယ်။ ကမ္ဘာ နှင့် အင်္ဂါဂြိုဟ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ အနီးကပ်ဆုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/da/daff4862a3020014adb28419006f547d1bc71b02.jpg

စ​နေဂြိုဟ် (​စေတန်)

မတ်လ ရဲ့ အစမှာတော့ နေထွက်မိုးကုပ်စက်ဝိုင်းအထက်မှာ စေတန်ဟာ အလွန်နိမ့်ကျနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လလယ်နောက်ပိုင်းမှာတော့ ရောင်စုံဂြိုလ်ရဲ့ အလင်းရောင်တက်လာတာနဲ့ နေထွက်ချိန်အနီး၊ မိုးကုပ်စက်ဝိုင်းရဲ့အနီးမှာ မှိန်မှိန်တောက်ပနေတဲ့ ဂြိုဟ်များကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

မတ်လ ၂၄ ရက်နေ့မှာ ၎င်းဟာ အခြားဂြိုလ်နှစ်ခုနှင့်အတူ တြိဂံပုံစံဖြစ်နေတာ တွေ့ရမှာပါ။ မတ်လ ၂၈ ရက်နေ့ နံနက် လေးနာရီအကြာမှာ လခြမ်းပါးပါးလေးဟာ မြင်ကွင်းဆီသို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ မတ်လရဲ့ နောက်ဆုံးနံနက်မှာတော့ စေတန်ဟာ သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုလ်ကြားမှာ ရှိနေမှာဖြစ်လို့ စနေဂြိုဟ်ဟာ ရွေ့လျားသွားမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/17/171d37e7530098498dd9e56b8370c03bdeefa527.jpg

ကြာသပတေးဂြိုဟ်(ဂျူပီတာ)

ကြာသပ​တေးဂြိုဟ် ဟာ ကုမ်ရာသီထဲမှာ ​ရောက်ရှိ​နေပြီး မတ်လကုန်ဆုံးသည်နှင့်အမျှ နံနက်ဝေလီဝေလင်းမှ စတင်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ .ကမ္ဘာ့တောင်ဘက်ခြမ်းကို လေ့လာသူတွေကတော့ မတ်လနှောင်းပိုင်းမှာ အကောင်းဆုံးတွေ့မြင်ရမယ်လို့ ဆိုပါတယ်။မတ်လ ကုန် နဲ့ ဧပြီလဆန်းပိုင်းမှာ ဂြိုဟ်စစ်ထိုးပွဲများနှင့်အတူ ထူးခြားမည့် ဖြစ်စဥ်များ ကမ္ဘာအဝှမ်းမှာ ကြုံ​တွေ့လာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/ce/ceaf3926e30dda7b29ce37ddef48f8ffcb4beccb.webp
https://s9.kh1.co/__image/w=650,h=646,q=100/6d/6d0df35700145611794413bbdc57d8648dcfe9c0.png
Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T