မိန်းကလေးတိုင်း Fashion ကျကျ လှနေစေဖို့

//s9.kh1.co/3c/3ce3002da61e624000037108c5fee00301ed1418.jpg
MPT

 ၁၀-ပြီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိန်းကလေးတိုင်း Fashion ကျကျ လှနေစေဖို့

ဖက်ရှင်ရေစီးကြောင်းတွေပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ထသွားထလာကနေစပြီး ပွဲတက်အထိ ကိုယ်ဝတ်မယ့် အဝတ်အစားက စတိုင်ကျ လှပနေစေဖို့အတွက် အင်္ကျီရွေးရတာ အချိန်အရမ်းပေးရပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/ef/efa6f2a687239cbfae691fbcbda0628232dc230b.jpg

မိန်းကလေးတိုင်းလိုလို အပြင်ထွက်ရပြီဆိုရင် အင်္ကျီလှလှရွေးဖို့အချိန်လုနေရပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ အင်္ကျီရွေးတဲ့အခါအဓိကကျတဲ့အချက် (၃) ချက်ကို ဝေမျှပေးလိုက်ပါတယ်။ ဒီတော့ အဲ့ဒီအချက်လေးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်။

ခေတ်ဆန်ရမယ်

https://s9.kh1.co/__image/w=548,h=822,q=100/87/872be106fbccae8eb94f9709fb8f93a1cbc6449c.jpg

Fashion ကျဖို့ ပထမအချက်ကတော့ ခေတ်မှီရပါမယ်။ Design တွေက အရမ်း Hot ဖြစ်ပြီး လန်ထွက်မနေရင်တောင် ခေတ်ရေစီးကြောင်းအတိုင်း ခေတ်စားနေတဲ့ အင်္ကျီလေးတွေ အဆင်လေးတွေကို ရွေးဝတ်ရပါမယ် ။

သင့်တင်ရမယ်

https://s9.kh1.co/__image/w=640,h=636,q=100/7f/7f017d4612478964443c7190052d12d71aca2975.jpg

ဒုတိယအချက်အနေနဲ့ကတော့ နေရာဒေသအလိုက် သင့်တင့်တာလေးတွေကို ဝတ်ဆင်တတ်ရပါမယ်။

ဘုရားသွားရင် မြန်မာဝတ်စုံလေးဝတ် သူငယ်ချင်းတွေနဲ့ အပြင်သွားရင် Dress ဂါဝန်လေးဝတ် ရုံးသွားရင် ရုံးနဲ့သင့်တော်တာလေးကို ဝတ်သင့်ပါတယ်။

ရာသီဥတုနဲ့ ကိုက်ညီတာကို ရွေးချယ်ဝတ်ဆင်ပါ

https://s9.kh1.co/__image/w=650,h=402,q=100/d8/d81a887a89bb6cf43efe590e517616ba9dc2e20d.jpg

လှရုံနဲ့မပြီးသေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်ပြီး သက်တောင့်သက်သာရှိဖို့လဲ အရေးကြီးတယ်ပါတယ်။

ပူတဲ့ရာသီဆို အေးတဲ့ ချည်ထည်လေးတွေကိုရွေးဝတ်ပြီး ဆောင်းဝင်လာရင် အနွေးထည်လေးနဲ့ ရှိုးထုတ်လို့ရပါတယ်။

https://s9.kh1.co/__image/w=401,h=600,q=100/fd/fd99b6c58a683c23b7daa1973c0c496d18cf483d.jpg
https://s9.kh1.co/__image/w=650,h=866,q=100/30/306ee3c2b225f9c95b3174c4e91c6ffb49dffd51.jpg

ဒီအချက်လေးတွေက ကိုယ့်ကိုအရင်ထက်ပိုစတိုင်ကျအောင် ကူညီပေးနိုင်မှာပါ။ ကိုယ့်အနေနဲ့ ထပ်ပြီး လုပ်ဆောင်နိုင်တဲ့အရာကတော့ ကိုယ်နဲ့စတိုင်လ်တူပြီး ဖက်ရှင်ကျကျဆင်မြန်းတတ်တဲ့ ဖက်ရှင်Blogger ၊ အနုပညာရှင်၊ မော်ဒယ်စတဲ့သူတွေကိုလည်း အမြဲမပြတ်စောင့်ကြည့်နေဖို့လည်း လိုအပ်ပါတယ်နော်...

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T