ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်များဆုံးဖြစ်ပြီး အမျိုးသမီး (၈) ယောက်မှာ (၁) ယောက်က ဖြစ်နိုင်ခြေပိုရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားခဲ့ကြပါတယ်။ ရင်သားကင်ဆာဟာ အများအားဖြင့် အစောပိုင်းမှာ ဘာ လက္ခဏာမှမပြဘဲ အထဲမှာ ပွားနေတတ်တဲ့ ရောဂါတစ်မျိုးပဲပါ။ ဒါပေမယ့် မြန်မြန်နဲ့ စောစော သိပြီး ဆေးကုသမှုခံယူခဲ့မယ်ဆိုရင်တော့ ပျောက်ကင်းသက်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်ရှိ Cleveland Clinic Cancer Center မှ အစာအိမ်ရောဂါဗေဒပညာရှင် ဒေါက်တာ Suneel Kamath ကတော့ ရင်သားကင်ဆာနှင့် အရက် ဆက်စပ်ရှိခြင်းနှင့် အမျိုးသမီးများအပေါ် အရက်က မည်သို့အကျိုးသက်ရောက်မှုရှိသလဲ ဆိုတာကို ဖော်ပြထားခဲ့ပါတယ်။

ဒေါက်တာ Suneel Kamath ရဲ့ အဆိုအရ "ကမ္ဘာတစ်ဝှမ်း ကင်ဆာအားလုံးရဲ့ ၅% နဲ့ ၁၀% ကြားမှာ ဖြစ်နိုင်ချေက အရက်သောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ တစ်နေ့လျှင် အရက်တစ်ခွက်ခန့် သောက်သုံးတဲ့ အမျိုးသမီးများဟာ လုံးဝမသောက်တဲ့ အမျိုးသမီးများထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၅% မှ ၉% ပိုများပြီး နောက်ထပ်တစ်ကြိမ်အတွက် ဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ မရှိတဲ့ အမျိုးသမီးများဟာ အလယ်အလတ်လောက်အရက်သောက်ခြင်းကြောင့် ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုမိုမြင့်တက်လာသည်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာကတော့ အရက်ကြိုက်နှစ်သက်တဲ့ အမျိုးသမီးများကို တစ်နေ့လျှင် တစ်လုံးထက် ပိုမသောက်ဖို့ကို အကြံပြုထားခဲ့ပါတယ်။ ပုံမှန်အားဖြင့် အရက်သောက်သူများမှာ အဖြစ်များတာကတော့ အသည်းနှင့် လည်ချောင်းအပြင် ရင်သား ၊ အူမကြီး နှင့် ဦးခေါင်းစတာတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုများကြောင်း သက်သေပြထားခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်៖ Source - ABC NEWS