ထမင်းဟင်း မစားဘဲ အာလူးနဲ့ ဝိတ်ချနည်း

//s9.kh1.co/ec/ece4eb126c0aab42d794f77907fe442e2c184ce0.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၈-ပြီ-၂၀၂၂ ၈am · လွန်ခဲ့သော ၃ နှစ် က

ထမင်းဟင်း မစားဘဲ အာလူးနဲ့ ဝိတ်ချနည်း


လူအများသိကြတာက အာလူးဆိုတာ ဝိတ်တက်စေတယ်၊  ကာဗိုဟိုက်ဒရိတ်များတယ်၊ ကြွက်သား တည်ဆောက် သူတွေ / ဝိတ်ချမယ့် သူတွေကို အနှောင့်အယှက် ပေးတယ်လို့ ထင်ကြပါတယ် ။ ဒါ့အပြင် Diet Plan တော်တော်များများမှာလည်း အာလူးဟာ သိပ်ပြီးပါဝင်လေ့မရှိတာကြောင့် ဘယ်လိုလုပ်ပြီး အာလူးနဲ့ ဝိတ်ချမယ် ဆိုတာလဲ မဖြစ်နိုင်ဘူးလို့ ထင်ကြပါတယ် ။

https://s9.kh1.co/__image/w=650,h=488,q=100/3a/3a1556ee66cd4b3ad9612eeae4b3c5ab2093bd81.jpg

တကယ်တော့ အာလူးဟာ ဝိတ်တက်စေတာမဟုတ်ပါဘူး ။ အာလူးကို ချက်ပြုတ်တဲ့နည်းလမ်းတွေကြောင့်သာ ဝစေတာပါ ။ အာလူးဟာ အမျှင်ဓာတ်ပါဝင်တာ မို့လို့ အဆီတွေကို စုပ်ယူနိုင် ပါတယ်။ သူ့ချည်းပဲ ပြုတ်ပြီးစားရင်တော့ ဝိတ်ကျဖို့ အထောက်အကူ ဖြစ်စေမယ့် အာလူးကြော်ဆိုရင်တော့ သင့်ကို ဝိတ် ပိုတက် စေမှာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=306,h=165,q=100/5f/5f1b6d397f92a25267c5911aa3025b52d08c6e3f.jpg

ဝိတ်ချတဲ့ နေရာမှာ သုံးချင်တယ်ဆိုရင်တော့ အာလူးနဲ့ အတူ အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ပါဝင်မှာဖြစ်ပါတယ်။ ဒိန်ချဉ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး မလိုအပ်တဲ့ ရေဓါတ်နဲ့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက် တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=865,q=100/a3/a3534accf2ab07be2543cec7394e4ded01a7ccb9.jpg

အာလူးနဲ့ ဝိတ်ချတဲ့ အခါ ပထမနေ့ မနက်စာကို “ဆားမပါတဲ့ အာလူးပြုတ် ၁ လုံးနဲ့ ဒိန်ချဉ် ၁ ခွက်”၊ နေ့လည်စာ ကို “ဆားမပါတဲ့ အာလူးပြုတ် ၂ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်”၊ ညစာကို “ဒိန်ချဉ် ၂ ခွက်” ပဲစားပါ။

ဒုတိယနေ့ မနက်စာ ကို “ဒိန်ချဉ် ၁ ခွက်”၊ နေ့လည်စာ ကို “ဆားမပါတဲ့ အာလူးပြုတ် ၂ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်”၊ ညစာ ကို “ဆားမပါတဲ့ အာလူးပြုတ် ၁ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်” ပဲစားပါ။

https://s9.kh1.co/__image/w=650,h=536,q=100/fd/fdbc11c790949aea6ffd371ba9175356279cecbf.jpg

တတိယနေ့ မနက်စာ ကို “ဆားမပါတဲ့ အာလူးပြုတ် ၁ လုံး”၊ နေ့လည်စာ ကို “ဆားမပါတဲ့ အာလူးပြုတ် ၁ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်”၊ “ညစာ ကို ဒိန်ချဉ် ၁ ခွက်”ပဲ စားသုံးမယ်ဆိုရင်တော့ ၃ ရက်အတွင်း ၆ပေါင်ကနေ ၁၀ ပေါင် အတွင်း ဝိတ်ကျနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=446,q=100/43/43857d1bcfe865a3e52fc86668bb1494b4c2ae0d.jpg

၁၀၀ ဂရမ် အလေးချိန်ရှိတဲ့ အာလူး ၁ လုံးမှာ ကယ်လိုရီပမာဏ ၇၅ % ပဲပါဝင်ပါတယ်။ အဲဒီပမာဏဟာ လိမ္မော်ရည်တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီပမာဏထက်တောင် နည်းနေပါသေးတယ်။ အာလူးမှာပါဝင်တဲ့ Vitamin C နဲ့ potassium တို့ဟာ ကိုယ်ခံအားကောင်းမွန်မှုနဲ့ ကြွက်သားတည်ဆောက်မှု ဖြစ်စေခြင်း ဝိတ်ကျခြင်းတို့အတွင် အထောက်အကူပေးပါတယ် ။ အခြားသော ပရိုတင်း နဲ့ အမျှင်ဓာတ်များပါ စုဝေးပါဝင်နေတဲ့အတွက် ဝိတ်ချသူများ ကို ကောင်းကောင်း အထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်လို့ပဲ ပြောပါရစေ။

Photo Credit : Google

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T