ကြည့်လိုက်ရင် ရိုးရိုးအနာလေးလို့ ထင်ရပေမယ့် မပေါ့ဆသင့်တဲ့ Scrub typhus ရောဂါ အကြောင်း

//s9.kh1.co/f9/f9bfcd010a58e7ce704a8ad1276944f8d9d53126.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၀၅-ပြီ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ကြည့်လိုက်ရင် ရိုးရိုးအနာလေးလို့ ထင်ရပေမယ့် မပေါ့ဆသင့်တဲ့ Scrub typhus ရောဂါ အကြောင်း

အခုနောက်ပိုင်း အဖြစ်များလာတဲ့ ရောဂါတစ်ခုကတော့ Scrub typhus (တိုက်ဖတ် ) ဆိုတဲ့ ရောဂါပဲဖြစ်ပါတယ်။ Scrub typhus ရောဂါ က ဒီအတိုင်းကြည့်လိုက်ရင် ရိုးရိုး အနာလေး တစ်ခုလို့ ထင်ရပေမယ့် မထင်ထားလောက်အောင် ကြောက်ဖို့ ကောင်းတယ်လို့ သိရပါတယ်။ သူက Orentia Tsutsugamushi လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါပါ။

Photo credit to original uploader
Photo credit to original uploader

Orentia Tsutsugamushi ဘက်တီးရီးယားတွေကို အပင်တွေ ( ခြုံပင် ၊ မြက်ပင် စသဖြင့် ) ၊ တိရိစ္ဆာန်တွေ( ဥပမာ- ခွေး ၊ ကြောင် ၊ ကြွက် စသဖြင့် ) မှာ တွယ်ကပ်နေတဲ့  အင်္ဂလိပ်ဝေါဟာရ Mites လို့ခေါ်တဲ့  မွှား ၊ သန်း ၊ လှေး ၊ ကမြင်းနီ စတဲ့ ပိုးမွှားတွေမှာ တွေ့ရတတ်ပါတယ်။ အဲဒီပိုးမွှား(Mites) တွေက လူ့ခန္ဓာကိုယ်ကို ကိုက်တဲ့အချိန်မှာ ကိုက်လိုက်တဲ့ အနာကနေ တစ်ဆင့် ပိုးမွှားရဲ့ သားလောင်းတွေက အနာပေါက်ထဲကိုဝင်သွားပြီး ရောဂါရစေပါတယ်။

Photo credit to original uploader
Photo credit to original uploader

Scrub typhus ရောဂါစဝင်ပြီဆိုတာနဲ့ ကြုံတွေ့ရတဲ့ရောဂါ လက္ခဏာတွေက ဖျားရက်ကြာမယ် ၊ ကိုယ်အပူချိန်ကြီးမယ်

ခေါင်းကိုက်မယ်

ဗိုက်နာမယ်

ပျို့အန်မယ်

ချောင်းဆိုးပြီး အသက်ရှူခက်မယ်

ခန္ဓာကိုယ်တစ်ခုလုံးနာကျဉ်ကိုက်ခဲနေမယ်၊ တခါတရံ မျက်စိတွေရဲနေမယ်

ခန္ဓာကိုယ်မှာ Rash လို့ခေါ်တဲ့ အနီဖုအနီပြင်တွေ ထွက်တတ်တယ်။

Photo credit to original uploader
Photo credit to original uploader

ဒီလက္ခဏာတွေကို အရင်ဆုံးတွေ့ရပါတယ်။  ဆရာဝန်တွေအတွက် Typhus လို့ အတိအကျပြောနိုင်တဲ့ အဓိကလက္ခဏာကတော့ ပိုးမွှားကိုက်တဲ့နေရာမှာတွေ့ရတဲ့  အမဲရောင် ၊ အနီရောင် အကွက်လေးပါ ။ Eschar လို့ခေါ်ပါတယ် ။

Photo credit to original uploader
Photo credit to original uploader

အဲဒီအစက်လေးတွေကို တွေ့ရင် ရောဂါဝင်နေပြီလို့ သေချာပေါက် ပြောနိုင်တယ်လို့ သိရပါတယ်။ တစ်ခါတစ်ရံ ပြည်ဖုလိုမျိုးလေးလည်း ဖြစ်နေတတ်တယ်လို့ သိရပါတယ်။ ဆရာဝန်နဲ့တွေ့ပြီး သက်ဆိုင်တဲ့ ဆေးသောက်ရင် သက်သာပျောက်ကင်းနိုင်တယ်လို့ သိရပါတယ်။

Photo credit to original uploader
Photo credit to original uploader

ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ ?

၁ ။ Typhus ရောဂါ ဖြစ်ပွားနေတဲ့နေရာတွေကို မသွားပါနဲ့

၂ ။ ခြုံပင် ၊ မြက်ပင် ၊ သစ်ပင်တွေနဲ့ ထိတွေ့ရမယ်ဆိုရင် အဝတ်အစားကို လုံခြုံအောင်ဝတ်ပါ

၃ ။ အဝတ်အစားတွေကို ခြုံပင် မြက်ပင်ပေါ်တွေ မလှန်းပါနဲ့

အဝတ်တန်းတွေကို အပင်တွေနဲ့ဝေးဝေးမှာ ပြုလုပ်ပါ

၄ ။ အိမ်ခန်းတွေကို သန့်ရှင်းအောင်ထားပါ ( ပစ္စည်းတွေ ရှုပ်ပွအောင်မထားနဲ့ ၊ ကြွက်တွေမရှိစေနဲ့ )

ပိုးမွှားသေစေနိုင်တဲ့ Spray တွေ ဖြန်းပါ

၅ ။ အိမ်မွေးတိရိ စ္ဆာန်တွေကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးပါ

၆ ။ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ

၇ ။ Typhus ရောဂါလက္ခဏာတွေတွေ့ရင် နီးစပ်ရာဆေးရုံ/ဆေးခန်းဆရာဝန်နှင့်ပြပါ

Photo credit to original uploader
Photo credit to original uploader

ရောဂါအရမ်းဆိုးရွားလာရင် ဦးနှောက်ရောင်တာ ( encephalitis ) ၊ အဆုတ်ရောင်တာ ( pneumonia ) တွေဖြစ်ပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါဖြစ်လာရင် မပေါ့ဆစေချင်ပါဘူး။ နီးစပ်ရာ ဆရာဝန်ဆီမှာ သွားရောက် ကုသမှု ခံယူစေချင်ပါတယ်နော်။

ကိုးကား

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T