အာဖရိကတောနက်တွေထဲမှာသာ အမျာဆုံးတွေ့နိုင်တဲ့ ထူးဆန်းသတ္တဝါများ

//s9.kh1.co/ca/caa4f722214b827a5b2bbf79703043788787babe.jpg
MPT

 ၀၄-ပြီ-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

အာဖရိကတောနက်တွေထဲမှာသာ အမျာဆုံးတွေ့နိုင်တဲ့ ထူးဆန်းသတ္တဝါများ

သဘာဝပတ်ဝန်းကျင်မှာ မိမိတို့ မြင်ဖူးနေကျ သိပ်မစိမ်းတဲ့ တိရစ္ဆာန်လေးတွေရှိမှာပါ။ ဒါပေမယ့် တချို့အကောင်တွေကိုတော့ ပုံတွေထဲ စာတွေထဲ မြင်မှသာ ဟာခနဲ ဟင်ခနဲ ဖြစ်သွားလောက်အောင် ထူးဆန်းတဲ့အကောင်လေးတွေရှိပါတယ်။ ယင်းတို့အထဲမှ အာဖရိကမှာသာ တွေ့နိုင်တဲ့ ထူးခြားတဲ့ တိရစ္ဆာန် (၅) မျိုးကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Greater Kudu

https://s9.kh1.co/__image/w=600,h=510,q=100/fa/fa7ab8ecc1d36330cf98b3c050bebf73e1db4956.jpg

Greater Kudu သတ္တဝါကတော့ တောင်ဆိတ်မျိုးနွယ်ဝင်ဖြစ်ပြီး ဦးချိုအရည်ဆုံးသတ္တဝါဖြစ်ပါတယ်။ တောင်တက် ကျွမ်းကျင်ပြီး ၃၁၅ ကီလိုဂရမ် အထိ အလေးချိန်ရှိတတ်ပါတယ်။

https://s9.kh1.co/__image/w=600,h=439,q=100/96/96d6eb3bf1a132d6b38a5aa34dc8c744659041b1.jpg

အထီးသတ္တဝါတွေဟာ အမအုပ်စုနဲ့ရောနှောနေလေ့မရှိဘဲ မိတ်လိုက်ချိန်မှသာ ပူးပေါင်းတတ်ပါတယ်။ Greater Kuduအမတွေကတော့ အုပ်စုဖွဲ့နေတတ်ပြီး တစ်အုပ်စုမှာ (၂၅)ကောင်အထိ ရှိတတ်ပါတယ်။

Okapi

https://s9.kh1.co/__image/w=600,h=378,q=100/d4/d445b3ced4bb8e2bbf009b73f7dbb821b079555d.jpg

Okapi သတ္တဝါကတော့ ရှားပါးလှတဲ့ သစ်ကုလားအုတ်မျိုးနွယ်ဝင် ဖြစ်ပြီး ၎င်းတစ်မျိုးတည်းသာ ကမ္ဘာပေါ်မှာ ရှင်ကျန်ခဲ့ပါတော့တယ်။

https://s9.kh1.co/__image/w=600,h=855,q=100/35/35d3d8b74f4af01fbfd03eb9c9a318f7b95dc422.jpg

အလွန်ရှားပါးပြီးမျိုးသုဉ်းဖို့အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ သတ္တဝါဖြစ်ပါတယ်။ အမြင့်မှာ ၈ ပေအထိ ရှိနိုင်ပြီး အလေးချိန်မှာ ၈၀ မှ ၃၁၀ ကီလိုဂရမ်အထိ ရှိနိုင်ပါတယ်။

Shoebill

https://s9.kh1.co/__image/w=600,h=903,q=100/eb/ebcbbb5ef6b3ffadc904f2609c8f28726ddfab5e.jpg

Shoebill ငှက်ကတော့ အာဖရိကရဲ့ ရှားပါး ငှက်မျိုးဖြစ်ကာ ထူးခြားတဲ့ ငှက်တစ်မျိုးဖြစ်ပြီး ၉ လက်မလောက်အထိ အရှည်ရှိတဲ့နှုတ်သီးကြီးကြောင့် လူတွေရဲ့ စိတ်ဝင်စားချစ်ခင်မှုကို ခံရတဲ့ ငှက်လည်း ဖြစ်ပါတယ်။ရေကြက်မျိုးရင်းဝင် ဖြစ်ပြီး အင်းအိုင်တွေမှာ တွေ့ရလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=600,h=293,q=100/b1/b1e2e34c5e799b26b341a51c46d59e9318ecc328.jpg

ငှက်ကြီးမျိုးဖြစ်ပြီး ၄ ပေအထိ အမြင့်ရှိကာ ၄ မှ ၆ ကီလိုဂရမ် အလေးချိန်ရှိတတ်ပါတယ်။လူတွေကို ရန်ပြုတတ်ပြီး ဖွတ်၊ ကြွက်၊ ရှဥ့်-တို့ကိုလည်း တိုက်ခိုက် စားသောက်လေ့ရှိပါတယ်။

Mantled Guereza

https://s9.kh1.co/__image/w=600,h=729,q=100/5d/5ddcee1c3079c883d90476c28a64d14027ec7cee.jpg

အာဖရိကရဲ့ ရှားပါးမျောက်တစ်မျိုးဖြစ်ကာ အဖြူနဲ့အနက် အမွေးများနဲ့ အလွန်လှပပြီး အမြဲစိမ်းတောတွေရဲ့ သစ်ပင်အုပ်အုပ်တွေမှာ တွေ့ရလေ့ရှိပါတယ်။အုပ်စုလိုက်နေတတ်ပြီး ကောင်ရေ ၃ ကောင်မှ ၁၅ ကောင်အထိ ပါဝင်တတ်ပါတယ်။

Grey Crowned Crane

https://s9.kh1.co/__image/w=600,h=407,q=100/97/97437630269b90fe086915268ffa2c87c97ebb94.jpg

အလွန်လှပတဲ့ Grey Crowned Crane ငှက်ကတော့ မီးခိုးရောင်လည်ဆံမွေး အပြာရောင်၊ အဖြူရောင်ရောထားတဲ့ ခန္ဓာကိုယ်အမွေးတွေနဲ့အတူ ဦးခေါင်းမှာလည်း ရွှေရောင်အမောက်ပါဝင်လို့ ချစ်စရာကောင်းပါတယ်။

https://s9.kh1.co/__image/w=600,h=407,q=100/97/97437630269b90fe086915268ffa2c87c97ebb94.jpg

အသိုက်ဖွဲ့နေတတ်ပြီး ရန်သူနဲ နီးတယ်လို့ ပင်ကိုယ်အသိစိတ်က သိတာနဲ့ အသိုက်ချက်ချင်း ပြောင်းတတ်ပါတယ်။အသိုက်တစ်ခုမှာ ဥ ၂လုံးမှ ၅ လုံးအထိ ဥ တတ်ပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T