ကမ္ဘာ့ပထမဆုံးအင်ပါယာကို လွန်ခဲ့သောနှစ်ပေါင်း 4000 ကျော်က Akkad ဘုရင် Sargon မှ Mesopotamia တွင် တည်ထောင်ခဲ့ပါတယ်။ သူ့မတိုင်မီတွင် ဘုရင်များစွာရှိခဲ့ေပမယ့်လည်း ဘီစီအီး ၂၃၃၀ ကမ္ဘာ့သမိုင်းတွင် ပထမဆုံးအင်ပါယာကို တည်ထောင်ခဲ့တဲ့ ဘုရင် ဆာဂွန်ကိုပဲ ပထမဆုံးဘုရင်အဖြစ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဘီစီ ၇ ရာစုမှ နီယို-အာရှုရိကျမ်းစာအရ ဘုန်းကြီးတစ်ပါးဟာ ကလေးတစ်ဦးကို လျှို့ဝှက်စွာမွေးဖွားပြီး မြစ်ကမ်းဘေးတွင် ထားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Akki လို့အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ ကလေးငယ်ကို တွေ့ရှိပြီး မွေးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုကလေးဟာ မက်ဆိုပိုတေးမီးယားရဲ့ အနာဂတ်ဘုရင် ဆာဂွန်ဖြစ်တယ်။

Akki ရဲ့အိမ်တွင်ကြီးပြင်းလာတဲ့အခါ Sargon ဟာ ဥယျာဉ်မှူးအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။ ထိုနေရာမှာ အချစ်၊ အလှ၊ လိင်နှင့် နိုင်ငံရေး စွမ်းအားတို့ရဲ့ နတ်ဘုရား Ishtar လို့ခေါ်တဲ့ နတ်ဘုရားမတစ်ပါးဟာ သူထံ အဆက်မပြတ် လာရောက်လည်ပတ်ခဲ့ပါတယ်။ Inanna လို့လည်းလူသိများတဲ့ Ishtar ဟာ Sargon ရဲ့ကြီးမြတ်မှုနှင့်သူရဲ့ကံကြမ္မာကိုအုပ်ချုပ်ရန် အဆက်မပြတ်ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒီပရောဖက်ပြုချက်များဟာ ဆာဂွန်ရဲ့နောက်ကွယ်မှ အဓိကတွန်းအားဖြစ်ကြောင်း ဆိုကြပါတယ်။

Sargon ရဲ့ အာဏာပါ၀ါ တက်လာခြင်း
Sumerian စာသားအရ Kish ရဲ့စတုတ္ထမင်းဆက် ဘုရင် Ur-Zababa ဟာ အိပ်မက်မှနိုးလာခဲ့ပြီး Sargon ကိုချက်ချင်းစေလွှတ်ကာ သူရဲ့ဖလားတော်၀န် ( တော်၀င်မျိုးနွယ်တွေအတွက် ဝိုင်းခွက် ဆက်သပေးရသူ ) အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ရှင်ဘုရင်အတွက် ဖလားတော်ဝန်အဖြစ် လုပ်ဆောင်နေစဉ် ဆာဂွန်ဟာ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်အရ သူဟာ နတ်သမီး Inanna (အင်နာ) ရဲ့ နှစ်သက်ခြင်းကုိ ခံရသူဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ဥရဇဗ္ဗဘာမင်းကြီးဟာ အင်နာရဲ့ရေနစ်ခြင်းကိုခံရမည်ဖြစ်ကြောင်းလည်း မက်ခဲ့ပါတယ်။

ဘုရင်ကြီးဟာ အိပ်မက်အကြောင်းကို သိတဲ့အခါတွင် အိပ်မက်ဟာ ပရောဖက်ပြုချက်အဖြစ် မှတ်ယူကာ အလေးအနက်ထားပြီး စိတ်ပူပန်နေသလို ဆာဂွန်ဟာ သူရဲ့ထီးနန်းကို တစ်နည်းနည်းဖြင့် အုပ်စိုးလာမည်ကို ကြောက်ရွံ့တာကြောင့် ဘုရင်ကြီးဟာ အိမ်မက်ထဲကလို ဘယ်သောအခါမှ မဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။
ဦးစွာ ဘုရင်ကြီးဟာ သူရဲ့ကြေးမှန်ကို ပန်းပဲဆရာကြီး Beliš-Tikal ထံ ပေးအပ်ရန် အလုပ်ကိစ္စတစ်ခုဖြင့် ဆာဂွန်ကို စေလွှတ်ခဲ့တယ်။ မှန်ပေါ်မှာ ဆာဂွန်ကို သတ်ဖို့ ပန်းပဲဆရာကြီးကို အမိန့်ပေးလျှို့ဝှက်စာ နှင့် မှန်ကို ရုပ်ထုပုံစံခွက်ထဲကို ထည့်ရန် အမိန့်ပေးထားတဲ့ လျှို့ဝှက်စာတစ်စောင် ပါရှိလာပါတယ်။ ဒုတိယ ကြိုးပမ်းမှုမှာ ဘုရင်ဟာ ဆာဂွန်ကို သတ်ရန် အုတ်ခဲထဲ လျှို့ဝှက်စာထည့်ပြီး တခြားအလုပ်တစ်ခုကို ပို့ေစခဲ့ပါတယ်။

Sargon ကိုသတ်ရန်ဘုရင်ရဲ့ ကြိုးပမ်းမှုအားလုံးဟာ မအောင်မြင်ခဲ့ပါဘူး။ အကြောင်းမှာ Inanna ရဲ့ သတိပေးချက်များစွာနှင့် ကာကွယ်မှုများကြောင့်ဖြစ်ပါတယ်။ Sargon ဟာ သူရဲ့သခင်ဖြစ်တဲ့ Ur-Zababa ကို အောင်မြင်စွာ ဖြုတ်ချပြီးနောက်တွင် သူဟာ သူရဲ့တပ်များကို Lugalzagesi ဘုရင်နှင့် ပေါင်းစပ်ကာ တိုက်ပွဲတွင်အနိုင်ယူပြီး Ur-Zababa ကို အကျဉ်းသားအဖြစ် ဖမ်းဆီးခဲ့တယ်။

ဆာဂွန်ဟာ ကမ္ဘာ့ပထမဆုံးအင်ပါယာကို တည်ဆောက်ခဲ့ဘုရင်အဖြစ် ဆာဂွန်ဟာ နယ်ပယ်အားလုံးကို ပေါင်းစည်းရန် ဗျူဟာတစ်ရပ်ကို တီထွင်ခဲ့တယ်။ Akkad မြို့ဝန် အများအပြားကို စေလွှတ်ပြီး ဆူမာပြည်တွင် မြို့အုပ်များအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အကာအကွယ်တံတိုင်းများကို ဖြိုဖျက်ရန် Akkadian ကို Mesopotamia တစ်ခုလုံးရဲ့ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့တယ်။

ဒီလိုပြုလုပ်ရခြင်းမှာ ကူးသန်းရောင်းဝယ်ရေး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်ရန် ပြုလုပ်ခဲ့တဲ့ သူရဲ့ ဗျူဟာဖြစ်ပါတယ်။ များမကြာမီမှာပဲ သူတို့ဟာ အခြားနိုင်ငံများနှင့် အရောင်းအဝယ်လုပ်လာနိုင်ပါတယ်။ဘုရင်အဖြစ် စိုးစံစဉ်အတွင်း ဆာဂွန်ဟာ တိုက်ပွဲအားလုံးကို အနိုင်ယူခဲ့ပြီး မက်ဆိုပိုတေးမီးယားရှိ လူငယ်တိုင်းနှင့် အခြားနိုင်ငံများအတွက် စံနမူနာယူစရာ ခွန်အားဖြစ်စေခဲ့ပါတယ်။

သူရဲ့နန်းစံသက်တမ်းဟာ ဘီစီ ၂၃၃၄-၂၂၈၄ မှ ကြာမြင့်ပြီး သူသေဆုံးပြီးနောက်တွင် သားတော် Rimush နှင့် နောက်ပိုင်းတွင် သူရဲ့မြေးဖြစ်သူ Naram-Sin မှ ထီးနန်းဆက်ခံခဲ့့ပါတယ်။ ဘုရင်ကြီး ဆာဂွန်ရဲ့ ဇာတ်လမ်းကို လေ့လာသမျှ သုတေသနပြုပြီးနောက်တွင် ဆာဂွန်ရဲ့ မိခင်အရင်း အမည်ကို ဖော်ပြထားခြင်း မရှိပဲ သူမဟာ ဘာသာရေးဘုန်းကြီးတစ်ပါးသာ ဖြစ်ကြောင်း ဖော်ကြထားခဲ့ပါတယ်။ နတ်ဘုရားမ အင်နာကပဲ ဆာဂွန်ကို မွေးဖွားခဲ့တာလားဆိုတာ မေးခွန်းထုတ်စရာအဖြစ် ရှိနေခဲ့ပါတယ်။