ကလေးမွေးနေစဉ် အားယူပြီး တွန်းမိရာမှ မျက်လုံးပြူးထွက်လာတဲ့ အဖြစ်

//s9.kh1.co/63/631fae5ea421ad228369ff2a30ba64742f0adb3f.jpg
MPT

 ၂၅-မတ်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

ကလေးမွေးနေစဉ် အားယူပြီး တွန်းမိရာမှ မျက်လုံးပြူးထွက်လာတဲ့ အဖြစ်

မိခင်အသစ်တစ်ယောက်ဟာ ကလေးမွေးဖွားခြင်းရဲ့ခံစားချက်ကို TikTok မှာ မျှဝေခဲ့ပြီး ဒါဟာ မျက်လုံးပြူးစရာအတွေ့အကြုံတစ်ခုလို့ပဲ ဆိုခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Bethany Collins က "ကိုယ်ဝန်ဆောင်ရတာ အရမ်း sexy ဖြစ်နေတယ်လို့ ခံစားရတယ်" လို့ သီချင်းဆိုရင်း သူမရဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။ အဲ့ဒီအခါမှာတော့ သူမဟာ သူမက‌ေလးမွေးတဲ့နေ့ရဲ့ ဓာတ်ပုံတွေကို မျှဝေလိုက်တာဖြစ်ပြီး သူမရဲ့ ခေါင်းကနေ နီရဲနေတဲ့ ဘယ်ဘက်မျက်လုံးကို ပြသပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/49/490ef3f143b5e582a3e785f3f4b6670ae61bc4f3.png

ကြည့်ရှုမှု သန်း 1.1 ထက်ပိုတဲ့ ပို့စ်ပေါ်တွင် သူမဟာ “တွန်းနေချိန်မှာ ငါ့မျက်လုံးတွေ ပြူးထွက်လာတယ်။ " လို့ရေးသားခဲ့ပါတယ်။ သူမက "ကျွန်မရဲ့ ဆရာဝန်က "ဝိုး၊ ဒီလိုဖြစ်တာ တစ်ခါမှ မမြင်ဖူးဘူး!" ဆိုပြီးလည်း ထည့်ရေးခဲ့ပါတယ်။ ဒါပေမယ့် Collins ဟာ လှပတဲ့ ကလေးမလေးကို ရရှိထားတာကြောင့် အားလုံးက တန်ဖိုးရှိပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/47/477c30dc50ab5d34dc92b01735ef62a0351ba1ea.jpg

“အခု ငါ့မှာ Miss Phoebe ရှိတယ်” လို့ပြောပြီစ သူမ ငို‌ေနခဲ့ပါတယ်။ ခြောက်ပတ်အကြာတွင် Collins ရဲ့ မျက်လုံးဟာ ပုံမှန်အတိုင်းပြန်လည်ရောက်ရှိသွားပြီး မျက်လုံးပြူးထွက်လာတဲ့ ဖြစ်ရပ်မှ ရေရှည်အကျိုးသက်ရောက်မှုမရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=1136,q=100/5c/5c1f3c96fb898e31177d65dce9f413c70e8ffcbb.jpg

မျက်လုံးပြူးထွက်ရခြင်းမှာ ရှားပါး‌တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ တစ်ယောက်က “ဒါကြောင့် မွေးတဲ့ချိန်တိုင်း မျက်စိမှိတ်ထားတာ” လို့ ရေးသားခဲ့ပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T