ပီရူး သဲကန္တာရမှာ တွေ့ရှိခဲ့တဲ့ နှစ်သန်းပေါင်း ၃၆ သန်း သက်တမ်းရှိ ရှေးဟောင်းဝေလငါးရဲ့ ဦးခေါင်းခွံ

//s9.kh1.co/04/040014f6ad4bf2c41847af7289feab9355db0f5f.jpg
MPT

 ၂၂-မတ်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ပီရူး သဲကန္တာရမှာ တွေ့ရှိခဲ့တဲ့ နှစ်သန်းပေါင်း ၃၆ သန်း သက်တမ်းရှိ ရှေးဟောင်းဝေလငါးရဲ့ ဦးခေါင်းခွံ

လွန်ခဲ့သည့်နှစ်ပေါင်း ၃၆ သန်းခန့်က ပင်လယ်ပြင်မှာနေထိုင်ခဲ့တဲ့ ရှေးဝေလငါးများရဲ့ ဦးခေါင်းခွံ ရုပ်ကြွင်းများကို ကြာသပတေးနေ့မှာ ထုတ်ဖော်ပြသခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရိုးစုကိုတော့ လီမာမြို့တောင်ဘက် ၂၁၅ မိုင်ခန့်အကွာ အိုင်ကာဌာနရှိ Ocucaje သဲကန္တာရမှာ ၂၀၂၁ ခုနှစ်က တူးဖော် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်များက ထိုသတ္တဝါအား "ပင်လယ်ဘီလူး" ဟုခေါ်ပြီး မျိုးတုန်း ပျောက်ကွယ်သွားတဲ့ သတ္တဝါမျိုးစိတ်ပဲလို့လည်း ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=600,h=565,q=100/b6/b61d8794813368ca7711442d1313ee1dbfd50fa4.jpg

ဒီဦးခေါင်းခွံရဲ့ မယုံနိုင်စရာအကောင်းဆုံးအချက်မှာ လက်ရှိအချိန်ထိ အလွန်ကောင်းမွန်တဲ့ အခြေအနေတစ်ခုမှာရှိနေပြီး သွားတွေအစ အပြည့်အစုံပါရှိသေးတယ်လို့လည်း ဆိုပါတယ်။ ထိုအချိန်က သူတို့ရဲ့ ပထမဆုံး သားကောင်ဟာ ပင်ဂွင်းငါးများသာ ဖြစ်ပါတယ်။ Ocucaje Predator လို့ သုတေသီတွေကတော့ ယင်းသတ္တဝါဟာ ပေအားဖြင့် ၅၅ ပေလောက် ရှည်လျားနိုင်ပြီး တူနာ၊ ငါးမန်းနဲ့ ဆာဒင်းကျောင်းတွေကို သူ့ရဲ့ကြီးမားတဲ့ အစွမ်းထက်တဲ့ သွားတွေကို အသုံးပြုတိုက်ခိုက်တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=600,h=368,q=100/40/4038fbcbd28f4cf0a2a0d01643c69e40b2bb6633.jpg

Ocucaje သဲကန္တာရမှာ ကျောက်ဖြစ်ရုပ်ကြွင်းများ ပေါကြွယ်ဝတဲ့ နေရာတစ်နေရာပဲ ဖြစ်ပါတယ်။ ယင်းနေရာမှာ တွေ့ရှိခဲ့တဲ့ အခြားကျောက်ဖြစ်ရုပ်ကြွင်းများမှာ ခြေထောက်လေးချောင်းထောင်ပါတဲ့ ဝေလငါးများ၊ လင်းပိုင်များ၊ ငါးမန်းများနှင့် လွန်ခဲ့သောနှစ်ပေါင်း ၂၃ သန်းမှ ငါးသန်းကြားရှိ Miocene ခေတ်မှ အခြားမျိုးစိတ်များ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T