ယနေ့ခေတ် ပဲရစ်မျှော်စင်ကြီး ဖြစ်လာရခြင်းရဲ့ နောက်ကွယ်က သမိုင်းကြောင်း

//s9.kh1.co/04/04d7e9ab2fc3aa018a0af543ba93ef5c7df84635.jpg
MPT

 ၂၀-မတ်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ယနေ့ခေတ် ပဲရစ်မျှော်စင်ကြီး ဖြစ်လာရခြင်းရဲ့ နောက်ကွယ်က သမိုင်းကြောင်း

ဆယ်စုနှစ်များစွာ ကျော်ကြားခဲ့တဲ့ အီဖယ်လ်မျှော်စင်ကြီးဟာ ယနေ့တိုင် ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ထားတဲ့ သမိုင်းဝင်လူလုပ်အဆောက်အဦးတွေထဲက နေရာတစ်ခုပဲ ဖြစ်ပါတယ်။ အီဖယ်လ်မျှော်စင်ဟာ ပြစ်သစ်နိုင်ငံ ပဲရစ်မြို့မှာ တည်ရှိတာဖြစ်ပြီး ပြင်သစ်အမျိုးသားအမွေအနှစ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=385,q=100/6f/6ffe688aef697132848b26d3a7307e5910247fc3.jpg

မျှော်စင်ကြီးကို သေချာစနစ်တကျ တည်ဆောက်ထားပုံကို ကြည့်ခြင်းအားဖြင့် ရှေးခေတ် ဗိသုကာပညာရှင်များ ၊ အင်ဂျင်နီယာတွေရဲ့ လက်ရာပြောင်မြောက်မှုများကို ထင်ရှားစွားပေါ်လွင်နေခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=1065,q=100/57/576817b2e2615b01716dda8bab436739bb371ce9.jpg

အီဖယ်လ်မျှော်စင်ကြီးကို မတည်ဆောင်ခင်တုန်းက ပြင်သစ်တော်လှန်ရေး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ရည်ရွယ်ပြီး အမတ်လောင်း ဂူလ်စတေး အီဖယ်လ် က ပဲရစ်မြို့မှာ စတုရန်းပုံသဏ္ဌာန်ရှိပြီး အကျယ် ၁၂၅ မီတာ နှင့် အမြင့် ၃၀၀ မီတာရှိတဲ့ သံမျှော်စင်တစ်ခု တည်ဆောက်နိုင်ဖို့ အဆိုတစ်ခုတင်သွင်ခဲ့ပါတယ်။အဲ့ဒီနောက် တင်သွင်းထားတဲ့ အဆိုပြုချက် ၁၀၇ ခုအနက် မှ ဂူလ်စတေး အီဖယ်လ် ရဲ့ အဆိုပြုချက်က ရွေးချယ်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=664,q=100/77/77088b60859c438faa3ec3e18be00d42462f4374.jpg

ဒါပေမယ့် အခြားအမတ်လောင်းအများက မစ္စတာ အီဖယ်လ်ရဲ့ မျှော်စင်တည်ဆောက်မှုအဆိုကို မကြိုက်ကြတဲ့အတွက် ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ အဲ့ဒီကန့်ကွက်ချက်တွေမှာတော့ အချို့က ပဲရစ်မြို့လယ်ခေါင်မှာ တည်ဆောက်ထားမယ့် သံမျှော်စင်တစ်ခုဟာ မြို့ရဲ့ကျက်သရေဆောင်၊ သန့်ရှင်းသာယာလှပမှုကို သိသာစွာ ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် လက်ခံနိုင်စရာမရှိဘူးလို့လည်း ဖော်ပြထားကြပါတယ်။

https://s9.kh1.co/__image/w=600,h=436,q=100/bf/bfb55c637977b7aca1e1aebda6ff87afc7072df7.jpg

ဒါပေမယ့်လည်း အီဖယ်လ်မျှော်စင်ကို တည်ဆောက်ဖို့အတွက် ပထမဆုံး ပရောဂျက် ပန်းချီကားများကို ၁၈၈၄ ခုနှစ် ဇွန်လမှာ စတင်ရေးဆွဲခဲ့ပါတယ်။ ၁၈၈၇ ခုနှစ် ဇန်နဝါရီ ၂၈ နေ့မှာ မျှော်စင် တည်ဆောက်လုပ်ငန်းကို စတင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=760,q=100/74/7464b3b5a724a85404bfda19c554b6591787885f.jpg

မျှော်စင်ရဲ့ ပထမဆုံးအဆင့်ကို ၁၈၈၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ တည်ဆောက်ခဲ့သလို၊ ဒုတိယအဆင့်ကို ၁၈၈၈ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ပြီးမြောက်ခဲ့ပါတယ်။ ၁၈၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာတော့ မျှော်စင်တစ်ခုလုံးကို ပြီးစီးခဲ့ပြီ ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=600,q=100/26/26bfb59f44e4cb78fea299d158793fa4b7071408.jpg

မျှော်စင်ဖွင့်ပွဲမှာလည်း ဂူလ်စတေး အီဖယ်လ်က သုံးရောင်ခြယ် ပြင်သစ်အလံကို မျှော်စင်ထိပ်မှာ လွင့်ထူနိုင်အောင် လှေကားပေါင်း ၁၇၁၀ ကို လျှောက်လှမ်းပြီး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုအချိန်က မျှော်စင်ဟာ ၃၁၂ မီတာလောက်သာ မြင့်ပြီး ထပ်မံပြုပြင်မှုကြောင့် လက်ရှိမှာ မိတာ ၃၃၀ ထိမြင့်မားနေပြီ ဖြစ်ပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T