ဘန်ကောက်မြို့ကိုနာမည်အရှည်ကြီး ပြောင်းလဲဖို့ကြေညာ

//s9.kh1.co/29/29c888d578c2332555b539b190d8efa92cbda220.jpg
MPT

 ၁၂-မတ်-၂၀၂၂ ၅pm · လွန်ခဲ့သော ၃ နှစ် က

ဘန်ကောက်မြို့ကိုနာမည်အရှည်ကြီး ပြောင်းလဲဖို့ကြေညာ

အားလုံးသိကြတဲ့ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မြို့ကို Krung Thep Maha Nakhon လို့ အမည်ပြောင်းတော့မှာ ဖြစ်ကြောင်း ထိုင်းတော်ဝန်အဖွဲ့အစည်းရုံးက ကြေညာလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/e1/e1f28f4992cff60317cccd934ca1adc083814c7a.jpg

နာမည်ပြောင်းလိုက်ပေမယ့် အရင်နာမည်ဖြစ်တဲ့ ဘန်ကောက်ကိုလည်း ဆက်လက်ခေါ်ဆိုခွင့် ရှိဦးမယ်လို့ သိရပါတယ်။ ထိုင်းလူမျိုးတွေကတော့ အခုလို ကြေညာချက်မထုတ်ပြန်ခင်ကတည်းက ဘန်ကောက်ကို Krung Thep Maha Nakhon လို့ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/0a/0af58efa4f327ce8f304daf45baae4e83d2f38e5.jpg

ဘန်ကောက်မြို့ရဲ့ နာမည်အသစ်ဖြစ်တဲ့ Krung Thep Maha Nakon ကို ထိုင်းလူမျိုးတွေက Krung Thep လို့ခေါ်ဝေါ်ကြပြီး အရှည်ကောက်က “ Krungthepmahanakhon Amonrattanakosin Mahintharayutthaya Mahadilokphop Noppharatratchathaniburirom Udomratchaniwetmahasathan Amonphimanawatansathit Sakkathattiyawitsanukamprasit” ဖြစ်တယ်လို့ သိရပါတယ်။ နာမည်ကြီးကရှည်လွန်းတာကြောင့် အရှည်ကောက်ကို ရွတ်ရင်တော့ ရေတစ်ခွက်ဆောင်ထားရမှာပါ။

https://s9.kh1.co/__image/w=650,h=372,q=100/4d/4d63a4185dc0d9116e1de95ceb37df7eef044683.jpg

Krung Thep Maha Nakhon ရဲ့ တစ်လုံးချင်းအဓိပ္ပါယ်က Krung က မြို့တော် ၊ Thep က နတ်သမီး ၊  Maha က ကြီးမြတ်ခြင်း ၊  Nakhon ကလည်း မြို့တော် စသဖြင့် အဓိပ္ပါယ်တွေရှိပြီး စကားလုံးအားလုံးပေါင်းကို နတ်သမီးမြို့တော်၊ ရတနာကိုးပါးရှင်သန်နေတဲ့မြို့တော် စသဖြင့် အဓိပ္ပါယ်တွေ သတ်မှတ်လို့ရတယ်လို့လည်းသိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/11/116de7c8eeaa6e3d9deb4a81658b4daf3d3ad19e.jpg

ဘန်ကောက်မြို့ရဲ့ နာမည်ကိုတော့ ၂၀၀၁ ခုနှစ်ကနေ စတင်အသုံးပြုခဲ့ကြတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းကလူအများစုကလည်း ဘန်ကောက်လို့သာ ကျယ်ကျယ်ပြန့်ပြန့် သိထားကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/2d/2dfa9fa2658f10f15dae44027fece76a74cd9680.jpg

အသစ်ပြောင်းလိုက်တဲ့နာမည်ကိုတော့ ထိုင်းလူမျိုးတွေကလွဲရင် အခြားလူမျိုးတွေ သိနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားကြပါတယ်။

Tina Admin
Tina

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T