၂၀၂၂ ခုနှစ် မတ်လထဲမှာပဲ iPhone တွေဟာနောက်ထပ် iOS Update တစ်ခုကိုရရှိတော့မှာပါ။ဒီတခါလာမဲ့ Update က iOS 14.5 ဖြစ်ပါတယ်။ဒီ iOS ဗားရှင်းကို ၂၀၂၂ ခုနှစ်မှာပထမဆုံးပြုလုပ်တဲ့ Apple Event မှာစတင်ကြေညာခဲ့တာဖြစ်ပါတယ်။15.4 ကိုအစမ်း Beta version ငါးခုထုတ်ပေးခဲ့ပြီး AirTag anti-stalking alart,Siri အတွက် အမျိုးသား၊အမျိုးသမီးခွဲခြားတဲ့အသံစနစ်တစ်ခု၊Emoji အသစ်တွေ၊Face ID အတွက်လုပ်ဆောင်ချက်အသစ်တွေနဲ့ Universal Control တို့ပါဝင်လာမှာပါ။အစမ်းဗားရှင်းတွေကို ထုတ်ပေးထားတာကြာပါပြီ။နောက်ထွက်မဲ့ iPhone 13,iPhone 13 Pro တွေမှာ iOS 15.4 တခါတည်းပါဝင်လာမှာဖြစ်ပြီးနောက်ဆုံးထွက်မဲ့ iPhone SE ပေါ်မှာလည်းဒီဗားရှင်းပါလာမယ်လို့သိရပါတယ်။

နာမည်အတိုင်းပဲ ဒီဗားရှင်းဟာ iOS 15 ရဲ့လေးခုမြောက်ဗားရှင်းဖြစ်ပါတယ်။အသစ်ပါလာမဲ့လုပ်ဆောင်ချက်တွေထဲက AirTag Anti-Stalking ကတော့ကိုယ့်ရဲ့ဖုန်းကိုဖြစ်စေ၊အချက်အလက်တွေကိုဖြစ်စေ AirTag တွေနဲ့နောက်ယောင်လိုက်ခံနေရရင်သတိပေးမဲ့စနစ်တစ်ခုဖြစ်ပါတယ်။
ဒါကြောင့်အသုံးပြုသူအနေနဲ့ ဖုန်းခိုးခံရတာတွေ၊အချက်အလက်အခိုးခံရတာတွေကို ကာကွယ်နိုင်မှာပါ။အဲ့အပြင်ကိုယ့်ကိုနောက်ယောင်ခံလိုက်နေတဲ့ AirTag ရဲ့ပိုင်ရှင်ကိုပါဖော်ထုတ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Siri ရဲ့အသံခွဲခြားတဲ့စနစ်ကတော့ရှင်းပါတယ်။Siri အသံကိုလူမျိုးတိုင်းအားလုံးနီးပါးကနားမလည်နိုင်တာကြောင့် ရွေးချယ်စရာတွေထပ်ထည့်ပေးလိုက်တဲ့ပုံစံမျိုးပါ။မနှစ်က အမေရိကန်မှာ Siri ရဲ့ပုံမှန်အသံဖြစ်တဲ့မိန်းမသံကိုဖြုတ်ပစ်ခဲ့ပြီး အသုံးပြုသူတွေ သူတို့အသံကိုကိုယ်တိုင်သုံးနိုင်အောင်ပြုလုပ်ပေးခဲ့ပါတယ်၊အဲ့အချိန်တုန်းက အမေရိကန်လေယူလေသိမ်းနဲ့ လူမည်းအသံနှစ်သံကိုပါထပ်ထည့်ပေးခဲ့ပါသေးတယ်။လက်ရှိ Siri မှာလေယူလေသိမ်းတွေအနေနဲ့ အင်္ဂလန်အသံ၊အမေရိကန်အသံ၊အိုင်းရစ်အသံ၊အိန္ဒိယအသံ၊ဩစတေးယျအသံနဲ့တောင်အာဖရိကအသံတို့ရှိပါတယ်။

Emoji တွေအသုံးပြုရတာကြိုက်သူတွေအတွက်လည်း iOS 15.4 ကအထောက်အကူဖြစ်စေမှာပါ။Emoji အသစ်စုစုပေါင်း ၃၇ ခုပါဝင်လာမှာဖြစ်ပြီးဗိုက်ကြီးသည်ပုံ၊လက်ကအသဲပုံလုပ်နေပုံ၊နှုတ်ခမ်းကိုက်နေတဲ့ပုံတွေနဲ့ တခြားအများကြီးပါဝင်ပါတယ်။

Face ID ပိုင်းမှာမှအပြောင်းအလဲကြီးကြီးမားမားစပါလာပါပြီ။Mask တပ်ထားလည်းရှေ့လျှောက် Face unlock ကိုအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။Apple ဖက်ကဒီကိစ္စကို ကြိုးစားနေတာတော်တော်လေးကြာနေပါပြီ။ခုတော့ 15.4 မှာအဆိုပါလုပ်ဆောင်ချက်စတင်ပါဝင်လာတော့မှာဖြစ်ပါတယ်။အသုံးပြုမယ်ဆိုရင်တော့ Setting ထဲက Face ID & Passcode ထဲကိုသွားပြီး Use Face ID with a Mask ဆိုတဲ့ Option မှာ Mask တပ်ထားရင်း Face ID ကိုအတည်ပြုရမှာဖြစ်ပါတယ်။ပြီးရင်တော့စတင်အသုံးပြုနိုင်ပါပြီ။

Universal Control ကတော့ကိုယ့်ရဲ့ iPhone ကိုတခြား Device တွေနဲ့ချိတ်ဆက်ပြီး အဲ့ဒီ Device တွေကို Secondary Screen အဖြစ်နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။သဘောကတော့ဖုန်းတစ်လုံးတည်းနဲ့ Screen တစ်ခုထက်ပိုသုံးနိုင်မှာဖြစ်ပြီး ဖုန်းပေါ်ကအချက်အလက်တွေကိုလည်း Screen တစ်ခုကနေတစ်ခုပေါ် စိတ်ကြိုက်ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်။ဒီလုပ်ဆောင်ချက်ကိုအရင်က MacOS Monterey မှာပါဝင်လာမယ်လို့ကြေညာခဲ့ပေမဲ့ Delay ဖြစ်သွားပြီး iOS 15.4 နဲ့မှပြန်ပါလာတာပါ။

iOS 15.4 မှာတကယ်အသုံးဝင်တဲ့လုပ်ဆောင်ချက်တွေအများကြီးပါလာပါတယ်။ထွက်ရှိမဲ့ရက်ကို Apple ဖက်ကတရားဝင်ကြေညာထားခြင်းမရှိသေးပဲ မတ်လ သုံးပတ်မြောက်မှာ ထွက်ရှိမယ်လို့ပြောထားတာကြောင့် မတ်လ ၁၄ ရက်နဲ့ ၂၀ ရက်နေ့ကြားမှာထွက်လာနိုင်မယ်လို့ခန့်မှန်းရပါတယ်။