ကမ္ဘာပေါ်မှာဆိုရင် များစွာသော တိရစ္ဆာန် မျိုးနွယ်တွေအများကြီးရှိပါတယ်။ တိရစ္ဆာန်တွေမှာဆိုရင်လဲ အမျိုးမျိုးသော ပုံစံတွေ မတူညီတဲ့ နေထိုင်မှုတွေနဲ့ များစွာသော အမျိုးအနွယ်ရှိပါတယ်။ အဲ့လိုများစွာတွေထဲကမှ ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ အကြီးဆုံးဆိုပေမယ့်လဲ တချို့သောအကောင်တွေကတော့ အရပ် ဒါမှမဟုတ် အလေးချိန်တွေနဲ့ သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိအချိန်ထိ သက်ရှိနေတဲ့ တိရစ္ဆာန်တွေကိုပဲ ဖော်ပြသွားမှာပါ။
5. Brown Bear

ဝက်ဝံတွေကတော့ အလေးချိန် 907 kg (1 ton) ရှိပြီး အရပ်အနေနဲ့ မတ်တပ်ရပ်လိုက်တဲ့အခါမှာဆိုရင် 10 ft (3 m) ရှိပါတယ်။ သူတို့ကိုတော့ North America, Europe နဲ့ Asia စတဲ့ နေရာတွေမှာ များစွာ တွေ့ရှိနိုင်ပါတယ်။ ဝက်ဝံတွေက တောနဲ့ တောင်ထဲတွေမှာပဲ နေထိုင်လျက်ရှိတာကိုလဲ မမေ့ပါနဲ့။
4. Giraffe

သစ်ကုလားအုတ်တွေရဲ့ အရပ်အမြင့်ကတော့ 19 ft (5.8 m) ထိရှိပါတယ်။ သူတို့တွေကတော့ ပရိသတ်ကြီး သိတဲ့အတိုင်း ခြေထောက်တွေရော လည်ပင်ပါရှည်တဲ့ အမျိုးတွေဖြစ်ပါတယ်။ သူတို့ဟာဆိုရင် ကမ္ဘာပေါ်မှာ အရပ်အရှည်ဆုံး တိရစ္ဆာန်တွေပဲဖြစ်ကာ လည်ပင်ရဲ့အရပ်နဲ့တင် 6 ft (1.8 m) ထိရှည်ပါတယ်။
3. African Elephant

ကမ္ဘာ့အကြီးဆုံး ကုန်နေသတ္တဝါကတော့ African Elephant ပဲဖြစ်ကာ 6,350 kg (7 tons) ထိအလေးချန်ရှိပါတယ်။ ခေါင်းကနေ အမှီးထိဆိုရင် 35 ft (10.6 m) ခြေထောက်ကနေ ပခုံးထိဆိုရင် 13 ft (4.2 m) ထိမြင့်ပါတယ်။ အနည်းဆုံးမျိုးစိတ်နှစ်ခုရှိပြီး အဲ့မျိုးစိတ်တွေကတော့ Savanna elephant နဲ့ Forest elephant တို့ဖြစ်ပါတယ်။
2. Colossal Squid

Colossal squid ဆိုတဲ့ ပြည်ကြီးငါးတွေဟာဆိုရင် သူတို့ရဲ့လက်တွေကို 60 ft (18 m) ကနေ 90 ft (27 m) ထိရှည်နိုင်တယ်လို့ လူတော်တော်များများက သတ်မှတ်ထားကြပါတယ်။ လေ့လာတွေရှိချက်တွေအရတော့ ကမ္ဘာ့အကြီးဆုံး ပြည်ကြီးငါးရဲ့ အရှည်ဟာ 45 ft (14 m) ပဲဖြစ်ပါတယ်။ တိရစ္ဆာန်မျိုးနွယ်တွေထဲမှာ သူတို့ဟာ မျက်လုံးအကြီးဆုံး ပိုင်ဆိုင်ထားတဲ့ မျိုးနွယ်ဖြစ်ပါတယ်။
1. Blue Whale

ပရိသတ်ကြီး အားလုံးလဲ ဝေလငါးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဆိုတာကို သိရှိကြမှာဖြစ်ပါတယ်။ သူတို့ရဲ့အလေးချိန်ဟာဆိုရင် 198 US tons (180 tonnes) ထိရှိပါတယ်။ သူတို့ရဲ့ အရှည်ဟာဆိုရင်တော့ 98 ft (30 m) ထိရှိပါတယ်။ လျှာရဲ့အလေးချိန်က ဆင်တစ်ကောင်ရဲ့အလေးချိန်နဲ့ညီမျှပြီး သူတို့ရဲ့နှလုံးအလေးချိန်ကတော့ ကားတစ်စီးစာညီမျှပါတယ်။




